အစိုးရတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသော ကိုးကန့်တိုက်ပွဲ တွင် ၎င်းတို့ဘက်မှ
တရုတ်နိုင်ငံ သားများပါဝင်တိုက်ခိုက်နေခြင်း မရှိကြောင်း ကိုးကန့်လက်နက်
ကိုင်တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြား ရှင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၅ ရက်က တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာ The Global
Times သတင်းစာသို့ ၎င်းက ဆက်သွယ် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်
တာသတင်းဌာနက ဖော်ပြထား ခြင်း ဖြစ်သည်။
ဖုန်ကြားရှင်က အဆိုပါသ တင်းစာသို့ တရုတ်ဘာသာစကား အသုံးပြု၍ ဖုန်းဖြင့်
ဆက်သွယ် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ကိုးကန့် တိုက်ပွဲတွင် တရုတ်နိုင်ငံက
ပါဝင် ပတ်သက်မှုမရှိကြောင်း ဖြေ ကြားခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေး ၀န်ကြီးဌာန၏
သတင်းစာရှင်း လင်းပွဲတွင် ကိုးကန့်တိမ်းရှောင် အဖွဲ့ဖြစ်သည့်
ဖုန်ကြားရှင်တပ်ဖွဲ့ ၌ တရုတ်ကြေးစားစစ်သားများ ပါဝင်ပတ်သက်နေကြောင်း ပြော
ကြားလိုက်ပြီးနောက် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက တရုတ် နိုင်ငံ၏
ပိုင်နက်ကို အသုံးပြု၍ မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမှ
နယ်နိမိတ်တည်ငြိမ်ရေးကို အ နှောင့်အယှက်ပေးနိုင်သည့် လှုပ် ရှားမှုမျိုးကို
ခွင့်မပြုကြောင်း ပြန် လည်တုံ့ပြန်ခဲ့သည်။
‘‘၂၀၀၉ ခုနှစ်မှာ တိုက်ခိုက်ခံ ရပြီးကတည်းက MNDAA တပ် ထဲကို
ဝင်ချင်လို့ ကိုးကန့်ဒေသကိုဖြတ်ကျော် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို
ကိုးကန့် ဘက်ခြမ်းက တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပါတယ်’’ဟု ဖုန်ကြားရှင်က
ဖေဖော်ဝါရီ ၂၅ ရက်တွင်အဆို ပါသတင်းစာသို့ ဖုန်းဖြင့် ဆက်
သွယ်ဖြေကြားခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသားများ ကို လက်နက်ကိုင်တိုက်ပွဲတွင် ပါ
ဝင်တိုက်ခိုက်ခွင့်မပြုကြောင်းနှင့် တရုတ်နိုင်ငံသားများကို
ပြဿနာထဲဆွဲသွင်းခြင်းက ၎င်းတို့ကိုပင် ပြန်လည်ထိခိုက်စေလိမ့်မည်သာ ဖြစ်ကြောင်း
ဖုန်ကြားရှင်က ဆက်လက်ပြောကြားသည်။
‘‘တကယ်လို့ တရုတ်နိုင်ငံ သားတွေသာ တိုက်ပွဲထဲမှာ ၀င် တိုက်နေမယ်ဆိုရင်
တရုတ်နိုင်ငံ က ပြည်ထဲရေးတာဝန်ရှိအဖွဲ့အ စည်းတွေက ချက်ချင်းကို ရှာဖွေ
စစ်ဆေးမှုတွေ ပြုလုပ်မှာပဲ။ ဒါအ ရေးအကြီးဆုံးအချက်ပဲ။ ပြီးရင် သူတို့ဘက်က
ကျွန်တော်တို့ကို ဖိ အားတွေပြင်းပြင်းထန်ထန် ပေးလိမ့်မယ်။ ဒါကြောင့်
ကျွန်တော်တို့တပ်ဖွဲ့ရဲ့မူကတော့ တရုတ်နိုင်ငံ သားတွေ ပါဝင်တိုက်ခိုက်ဖို့
ခွင့်မ ပြုပါဘူး’’ဟု ဖုန်ကြားရှင်က The Global Times သတင်းစာအား
ပြောကြားသည်။
ထို့ပြင် ဖုန်ကြားရှင်၏သမက် ကိုးကန့်တပ်ဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ်
ဦးထွန်းမြတ်လင်းက ၎င်း တို့မှာ ၂၀၀၉ ခုနှစ်ကတည်းကတရုတ်နိုင်ငံနှင့် အဆက်အသွယ်
မ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ဖေဖော်ဝါရီ ၂၅ ရက်က လည်း ဖုန်ကြားရှင်၏
ကိုးကန့်တပ်ဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လောက်ကိုင်ဒေသ
ခံများကို အကျပ်ကိုင်၍ လောက် ကိုင်မြို့အတွင်းသို့
အဓမ္မပြန်လည်ခြေချခြင်းများပြုလုပ်နေသည့် လက်ရှိကိုးကန့်ခေါင်းဆောင်
ပယ်စောက်ချိန်နှင့် ၎င်း၏ သားတို့ကို သတိပေးသည့်အနေဖြင့် ပယ် စောက်ချိန်၏
အိမ်ကို ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဦး ထွန်းမြတ်လင်းက
ဝန်ခံခဲ့သည်။
http://7daydaily.com/story/32642#.VO_fnY4YuM8
No comments:
Post a Comment