ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒဂုံမြို့သစ် လေးမြို့နယ်အား ကုန်စည်
ပို့ဆောင်ရာ တွင် အချက်အချာ ကျသည့် စက်မှု လုပ်ငန်းများ ထွန်းကားသည့် နေရာ
တစ်ခု အဖြစ် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့် က ပြောသည်။
ဒဂုံ
လေးမြို့နယ်က ဟံသာဝတီ လေဆိပ်နဲ့ သီလ၀ါ အထူး စီးပွားရေးဇုန် အကြားမှာ
အချက်အချာကျတဲ့ နေရာ တစ်ခုပါ။ Master Plan အရ စက်မှုဇုန်တွေလည်း ထပ်ပြီး
တည်ဆောက်မှာ ဖြစ်တယ် ဟု မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။ အဆိုပါ
လေးမြို့နယ်အား ကုန်စည် ပို့ဆောင်ရာတွင် အချက်အချာကြသည့် နေရာ ဖြစ်စေရန်
လာမည့် ဘဏ္ဍာနှစ်မှ စ၍ ၂၀၃၀- ၂၀၃၁ ခုနှစ် ဘဏ္ဍာနှစ် အထိ ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုးတက် လာသည့်
လူဦးရေနှင့် အညီ ဒေသ ဖွံ့ဖြိုးရေးများ ဖြစ်သည့် ရေပေးဝေရေး၊ တံတားများ
တည်ဆောက်ရေး၊ ကွန်ကရစ် လမ်း၊ ကတ္တရာလမ်း၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့်
ရေဆိုးသန့်စင် စက်ရုံများ စသည် တို့ကိုလည်း လာမည့် ဘဏ္ဍာနှစ်တွင် ထပ်မံ
အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အခုဆို ဒဂုံမြို့သစ်တွေထက် လှိုင်သာယာ ကတောင် ပိုပြီး ဖွံ့ဖြိုး နေတယ်။
အဲဒါကြောင့် ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်သင့် ပါတယ်။ ဒါပေမဲ့ အစိုးရက
အမှန်တကယ် ပံ့ပိုးပေးဖို့တော့ လိုတယ် ဟု စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ
စိုးထွန်းက ပြောသည်။ လက်ရှိ ဒဂုံ လေးမြို့နယ်သည် ရန်ကုန် မြို့ မြေဧရိယာ၏
(၄၀) ရာခိုင်နှုန်း အကျယ်အ၀န်း ရှိပြီး၊ လူဦးရေ ကိုးသိန်းကျော် နေထိုင်လျက်
ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31050
No comments:
Post a Comment