ကိုပါကြီး သေဆုံးသည့် အမှုအတွက် တရားရုံးသို့ ဦးတိုက် လျှောက်ထားရန်
ကျန်းမာရေး ၀န်ကြီးဌာနသို့ သေဆုံးသူ၏ ဇနီး ဒေါ်သန္တာမှ ဇန်န၀ါရီလ (၃၁)
ရက်နေ့က ပထမဆုံး အကြိမ် စာပေးပို့ တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။
ထို့ပြင် အဆိုပါ နေ့တွင် ကိုပါကြီး အမှုအား တရားရုံးတွင် စစ်ဆေး ပေးရန်
ပြည်ထဲရေး ၀န်ကြီးဌာနသို့လည်း စာပေးပို့ တောင်းဆိုခဲ့ကြောင်း ဒေါ်သန္တာထံမှ
သိရသည်။ ကိုပါကြီး အမှုကို စစ်ဆေး ပေးရန် ခုနှစ်ကြိမ်မြောက် တောင်းဆိုခြင်း
ဖြစ်ကြောင်း သိရသည်။
ကျိုက်မရော ရဲစခန်း ကိုလည်း
စာပို့ပြီး တောင်းဆိုဖို့ရှိပါ သေးတယ်။ ခရိုင် အဆင့် မြို့နယ် အဆင့်
ရဲတပ်ဖွဲ့တွေ ကိုလည်း တောင်းဆိုထား ပါတယ် ဟု ဒေါ်သန္တာက The Messenger Media
သို့ ပြောသည်။ ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ ယခု အချိန်အထိ တရား စွဲဆို
နိုင်ခြင်း မရှိ သေးကြောင်း ကိုပါကြီး သေဆုံးမှု အတွက် လိုက်ပါ
ဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောသည်။
အဓိက ကတော့ တရားရုံးကို ဦးတိုက် လျှောက်ဖို့ တောင်းတာပဲ။ ဆေးစစ်ချက်
အဖြေရှိရင် သက်သေ အနေနဲ့ တင်သွင်းလို့ ရမယ်။ သက်သေ အထောက်အထား
အခိုင်အလုံရှိ နေရင် တရားစွဲဆိုလို့ ရမယ် ဟု ၎င်းက ဆက်ပြောသည်။ ကိုပါကြီး
သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက လူ့အခွင့်အရေး ကော်မရှင်သို့
စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ပြီး စုံစမ်း တွေ့ရှိချက်များ ကိုလည်း သမ္မတထံ
အစီရင်ခံစာ တင်ပြရန် ညွှန်ကြားခဲ့သည်။
အလွတ်တန်း
သတင်းထောက် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေး ကော်မရှင်၏
ထုတ်ပြန်ချက် များတွင် ကွဲလွဲမှုများရှိ နေကြောင်း ဦးရောဘတ်စန်းအောင်က
မီဒီယာများသို့ ပြောကြား ထားသည်။ ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍
တပ်မတော်၏ သတင်း ထုတ်ပြန်ချက် တွင် သေဆုံးသူ ကိုပါကြီးသည် လက်နက်ကိုင် KIO
အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦး ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး၊
ကိုပါကြီးသည် KIO အဖွဲ့မှ မဟုတ်ကြောင်း DKBA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ်
ဒုတိယ ဗိုလ်ချုပ်ကြီး စောမိုရှေးက ငြင်းဆို ထားသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31060
No comments:
Post a Comment