February 3, 2015

သိမ်ဖြူကားမောင်း သင်တန်းကွင်းတွင် အဆင့်မြင့် တာဝါ (၄) လုံး ဆောက်လုပ်မည်

ယခင် သိမ်ဖြူ ကားမောင်း သင်တန်းကွင်း ဖြစ်သော ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ ကန်သာယာ စင်တာတွင် ဘက်စုံ အဆင့်မြင့် တာဝါ လေးလုံးဆောက် လုပ်မည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော လက်မှတ် ရေးထိုးပွဲ အခမ်းအနား မှတ်တမ်းတင်ချက်များ အရ သိရသည်။
                 ကျွန်တော်တို့ တစ်တွေ ဒီနေရာကို မြို့တော် စည်ပင်မှာ ကုမ္ပဏီပေါင်း (၃၀) ခုလောက်ကို ယှဉ်ပြိုင်ပြီးမှ ရလာ တာပါ။ဒီ စီမံကိန်းကြီးကို နည်းပညာတွေ အဆင့်မြင့်မြင့်နဲ့ တည်ဆောက်သွား မှာပါ ဟု Asia Myanmar Consortium Development မှ  မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ခိုင်က ပြောသည်။
                 အဆိုပါ အဆင့်မြင့် စီမံကိန်းတွင် 5 Star  အဆင့်ရှိ ဟိုတယ်၊ ရုံးခန်းတာဝါ၊ လူနေအိမ် အဆင့်မြင့် တာဝါ၊ Serviee Apastment တို့ ပါဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံသား များပိုင် Asia Myanmar Consortium Development နှင့် ဟောင်ကောင် အခြေစိုက် Shining Star Investmentတို့ ပူးပေါင်း၍ ကန်ဒေါ်လာ သန်း(၁၂၀) ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
                ၎င်းတို့ ပြုလုပ်မည့် စီမံကိန်းမှ အကျိုးအမြတ်၏ (၂) ရာခိုင်နှုန်းအား ပတ်ဝန်းကျင် ကောင်းမွန်စေရန် ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ ဟိုတယ် အား အမေရိကန်နိုင်ငံ အခြေစိုက် Wyndham Hotel Group နှင့် ပူးပေါင်းကာ ကြယ်ငါးပွင့် အဆင့်ရှိ Wyndham Grand Yangon Royal Lake Hotelကို ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31042

No comments:

Post a Comment