ပေါ်ပြူလာ နိုင်ငံရေး မလုပ်ကြောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင်
ပါဝင်မှု အားနည်းနေသော အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ဥက္ကဋ္ဌက ပြောသည်။
ကျွန်တော်တို့က ပေါ်ပြူလာ နိုင်ငံရေး မလုပ်ဘူး။ စစ်အစိုးရကို ဖြုတ်ချဖို့
အတွက် ထောင်ထဲမှာ (၁၇) နှစ် နေခဲ့တယ်။ အခုဆို စစ်အစိုးရက ထွက်လာတဲ့
ဘောင်းဘီချွတ်တွေ အုပ်စိုးတဲ့ ခေတ်မှာ တိုက်စရာ မလိုတော့ဘူး။ မဟုတ်ခဲ့ရင်
လက်ညှိုး ထိုးပြီး ဝေဖန်ဖို့ပဲ လိုတယ်။ လွှတ်တော် ထဲမှာ လိုအပ် တာကို
တောင်းဆိုဖို့ လိုတယ်။ ဆန္ဒပြလို့ အဖြေ ထွက်လာရင် လွှတ်တော်ကို ပြန်လာမှာပဲ
ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက The
Messenger Media သို့ပြောသည်။
အမျိုးသား ပညာရေး
ဥပဒေနှင့် ပတ်သက်၍ NDF ပါတီမှ လွှတ်တော် အတွင်း ကြိုးပမ်းမှုများ အဖြစ်
ကျောင်းသားသမဂ္ဂ ထူထောင်ခွင့်ပေးပြီး လွတ်လပ်စွာ ပညာ သင်ကြားခွင့် ရရေးနှင့်
တက္ကသိုလ် အလိုက် ဥပေဒ ပြဋ္ဌာန်း ပေးရေး၊ ငွေကြေးကို တက္ကသိုလ် အလိုက် ကောက်ခံ
သုံးစွဲ နိုင်ရေး စသည် တို့ကို လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
လွှတ်တော်မှာ တင်ပြီးသွားပြီ၊ လမ်းပေါ် ထွက်ပြီး ဆန္ဒပြဖို့ မလိုဘူး။
ဆန္ဒပြပြီး တောင်းဆိုမှ ရမှာ မဟုတ်ဘူး၊ ကော်မတီ မှာလည်း ပါဝင် ဆွေးနွေး
ပြီးပြီ။ ဒါတွေလုပ်ပြီး မှားတဲ့ ဟာကို လမ်းမပေါ် ထွက်ဖို့ လိုသေးလားလို့
မေးခဲ့ရင် သူတို့ ဘယ်လို ဖြေမလဲ။ ထွက်တာ ဘာမှ မခက်ပါဘူး။ ပုဒ်မ (၁၈)
ရှိတာပဲ။ ထောင်ထဲမှာ (၁၇) နှစ်နေတဲ့ လူက ခြောက်လ လောက်တော့ မကြောက်ဘူး။
ဒါပေမဲ့ မလိုအပ်ဘဲ အားမသုံးဘူး။ ပေါ်ပြူလာ နိုင်ငံရေး မလုပ်ဘူး ဟု ၎င်းက ဆက်လက်
ပြောကြားသည်။
အမျိုးသာ ဒီမိုကရေစီ အင်အားစု
ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အတိုက်အခံ ပါတီ အဖြစ် နာမည်ကြီးခဲ့
သော်လည်း ပါတီ အတွင်း အကွဲအပြဲ ဖြစ်ခဲ့ခြင်း၊၂၀၁၂ ကြားဖြတ
်ရွေးကောက်ပွဲတွင် အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိပြီးနောက်တွင်
မှေးမိန်သွား ခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများ နည်းပါခဲ့သည်။
ယင်းပါတီသည် ပြည်သူ့ လွှတ်တော်တွင် လွှတ်တော် ကိုယ်စာလှယ် လေးနေရာ၊
အမျိုးသားလွှတ်တော်တွင် တစ်နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်
လွှတ်တော်တွင် နှစ်နေ ရာ ရရှိထားသော ပါတီ ဖြစ်သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31045
No comments:
Post a Comment