February 18, 2015

မီးလောင်မှုကို အကြောင်းပြ၍ မြို့သစ်စီမံကိန်းပြန်စမည်ကို ဒေသခံများ စိုးရိမ်

ဖေဖော်ဝါရီ ၁၆ ရက်ညက မီးလောင်ကျွမ်းခဲ့သော ဘလုတ်ညွန့်ကျေးရွာ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ကြည့်မြင်တိုင်တစ်ဖက် ကမ်းတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကို အကြောင်းပြ၍ မြို့သစ်စီမံ ကိန်းပြန်လည်ဖော်ဆောင်မည်ကို မီးလောင်မှုဖြစ်ပွားခဲ့သော ဘလုတ်ညွန့် ကျေးရွာအပါအ၀င် ကျေးရွာ၁၁ ရွာခန့်မှ စိုးရိမ်လျက်ရှိနေကြောင်း သတင်းရရှိသည်။

ဘလုတ်ညွန့်ကျေးရွာသည် ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရန်လျာထားသည့် မြေနေရာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေနှစ်ရာခန့်နှင့် မီးဘေးသင့်ပြည်သူ ရှစ်ရာကျော်ရှိခဲ့သည်။ ယင်းကျေးရွာနေပြည်သူများက ယင်းမြို့သစ်စီမံကိန်းကို မကြာခဏကန့်ကွက်မှုများရှိခဲ့သည်။
ဘလုတ်ညွန့် ကျေးရွာအပါအ၀င် မြို့သစ်စီမံကိန်းမြေနေရာဖြစ်သော ဆိတ်ကြီးခနောင်တို၊ ဦးမြ၊ ငဇင်၊ အလတ်ချောင်း၊ ချောင်ဝိုင်းကြီး၊ စက်စမ်း၊ အောက်ယုံ၊ စက်ကလေး၊ အေးရွာ၊ ၀ါးရုံဆိပ်စ သည့် ကျေးရွာများမှ ရွာခံများက လည်း မီးလောင်မှုကို အကြောင်း ပြ၍ မြို့သစ်စီမံကိန်းစတင်မည် ကို မလိုလားကြောင်း မေးမြန်းမှုများအရ သိရသည်။
မီးမလောင်မီက စီမံကိန်း ကို ဆန့်ကျင်ခြင်းများနှင့် မြေပိုင် ရှင်အချို့က မြေနေရာမပေးခြင်း တို့ကြောင့် မြို့သစ်စီမံကိန်းဖော် ဆောင်ရန် ငြိမ်သက် နေခဲ့သော်လည်း မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားပြီးနောက် စီမံကိန်းပြန်လည်ဦးတည်လာနိုင်ကြောင်း ဘလုတ်ညွန့်ရွာခံ ဦးထွန်းရွှေက ပြောသည်။
‘‘မြို့သစ်စီမံကိန်းဆောက် လို့ ကျွန်တော်တို့ မြေနေရာတွေ ဖယ်ခိုင်းပြီးရင် မြေနေရာအပိုင် ပြန်ပေးမှာလည်း မဟုတ်ဘူးလေ။ ကိုယ့်အိမ်ခြံ၊ ကိုယ့်ဝင်းနဲ့ပဲ နေချင် တယ်’’ဟု ၎င်းက ပြောသည်။မြို့သစ်စီမံကိန်းတည် ဆောက်မည်ကို မလိုလားသောကြောင့် ကန့်ကွက်ကြောင်း လက်မှတ်များ ကို စီမံကိန်းတွင် ပါရှိသော ကျေးရွာ ၁၁ ရွာလုံး ရေးထိုးပြီး လွှတ်တော်သို့ တင်သွားမည်ဟု စီမံကိန်းနယ်မြေတစ်ခုဖြစ်သော စက်စမ်းကျေးရွာမှ ကိုလှအေးက ပြောသည်။
အစိုးရ၏ လက်ကျန်သက် တမ်း ဆယ်လအတွင်း မြို့သစ်စီ မံကိန်းအကောင်အထည်ဖော် မည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း နှင့် မီးလောင်မှုကြောင့် မြို့သစ်စီ မံကိန်းကို ပြန်လည်ဦးတည်လာ နိုင်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြော သည်။
‘‘မီးလောင်တဲ့ ကိစ္စကိုလည်း မြို့သစ်စီမံကိန်းဆောက်ချင်လို့ တမင်မီးလောင်အောင် ရှို့တာလို့ ပြောနေတဲ့ လူတွေလည်း ရှိတယ်။ ပြည်သူတွေဘက်ကလည်း စိတ် ပူတာတွေရှိမှာပေါ့။ အစိုးရဘက် ကလည်း မြို့သစ်စီမံကိန်းနဲ့ ပတ် သက်ပြီး ပွင့်ပွင့်လင်းလင်းမှမရှိ တာ’’ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန် ၂၀၁၄ စက်တင်ဘာခန့်မှစ၍ ကြည့် မြင်တိုင်တစ်ဖက်ကမ်းရှိ ကျေးရွာ များကို အကြောင်းကြားခဲ့ပြီး ဖယ် ရှားပေးခံရမည့် ကျေးရွာများအား တွံတေးတောကြီးတန်း၌ မြေနေ ရာပြန်လည်ချထားပေးမည် ဖြစ် သည်။
http://7daydaily.com/story/31972

No comments:

Post a Comment