လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသည့် စက်မှုဇုန်များရှိ မြေကွက် များကို
ပြန်လည် အပ်နှံရေး အတွက် စက်မှု ၀န်ကြီးဌာနမှ စစ်ဆေးမှု များကို
ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး
ဦးမျိုးအောင်က ပြောသည်။ ကျွန်တော်တို့ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့
၊ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနဲ့ စက်မှုဇုန် အသီးသီး စီမံ ခန့်ခွဲရေး
ကော်မတီတို့ ပူးပေါင်းပြီး စက်မှုဇုန် များရှိ လုပ်ငန်း ဆောင်ရွက်မှု
မရှိတဲ့ မြေကွက် တွေ နိုင်ငံတော်ကို ပြန်လည် အပ်နှံရေး အတွက် မြေပြင်
ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိ ပါတယ် ဟု ဒုတိယ ၀န်ကြီးက ပြောသည်။
ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ များသည်
စက်မှုဇုန်များရှိ မြေယာကိစ္စ အပါအ၀င် တစ်နိုင်ငံလုံးရှိ မြေယာ ကိစ္စနှင့်
ပတ်သက်ပြီး မြေပိုင်ဆိုင် လုပ်ပိုင်ခွင့် များအား ဥပဒေနှင့် အညီ အာမခံပေး
နိုင်ရေး၊ မြေယာ ကျူးကျော် သူများအား တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူ
ဆောင်ရွက်နိုင်ရေး စသည် တို့ကို စီစဉ် ဆောင်ရွက်လျက် ရှိပြီး နစ်နာသူများ
ကိုလည်း အကောင်းဆုံး နည်းလမ်းဖြင့် စိစစ် ဖြေရှင်ပေး နိုင်ရေး
ဆောင်ရွက်လျက် ရှိကြောင်း စက်မှု ၀န်ကြီးဌာနက သိရသည်။
စက်မှု ၀န်ကြီးဌာနမှ စက်မှုဇုန်များတွင် ကျွမ်းကျင် လုပ်သား ရရှိစေရေး အတွက်
ကြီးကြပ်မှု အောက်ရှိ စက်မှု သင်တန်းကျောင်း များတွင် စက်မှု အခြေခံ နည်းပညာ
သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပြီး၊ ကျေးလက်နေ ပြည်သူများ အတွက်
စက်မှု အခြေခံ အသိ ပညာ ပျံ့နှံ့စေရန် အတွက် ကိုလည်း စက်မှုနှင့် အသက်မွေး
ပညာ ရွေ့လျား သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့်
ပူးပေါင်း၍ ဖွင့်လှစ် ပေးလျက် ရှိကြောင်း သိရသည်။
ထို့အပြင် တည်ထောင်ပြီး စက်မှုဇုန် များကို ဒေသ ဖွံ့ဖြိုးရေးနှင့်
အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး တို့အတွက် ရည်ရွယ် တည်ထောင် ထားပြီး
ပြည်တွင်းရှိ လုပ်ငန်းရှင် အများစုသည် နည်းပညာနှင့် အရင်း အနှီးတွင်
အတွေ့အကြုံ နည်းပါး သောကြောင့် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အဖြစ်
တည်ထောင် နိုင်ရန် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ
များနှင့် အညီ နိုင်ငံတကာမှ Developer မျာ Investor များအား ဖိတ်ခေါ်၍
အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရန်
ဆောင်ရွက်ရမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ ဒုတိယ၀န်ကြီးက ပြောသည်။
စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေးတွင် ပင်လယ် ဆိပ်ကမ်း ကောင်းမွန်မှုသည်
အဓိက ကျသောကြောင့် တိုင်းဒေသကြီး/ ပြည်နယ် အချို့၌ တည်ထောင် ထားသော
ကုန်းတွင်းပိုင်း ဒေသ စက်မှုဇုန် များအား နိုင်ငံတကာ စက်မှုဇုန် အဖြစ်
တည်ထောင်ရေးသည် ပထ၀ီ အနေအထား ဆိုင်ရာ ကန့်သတ်ချက်များ ရှိနေကြောင်း ၎င်းက
ရှင်းပြသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31266
No comments:
Post a Comment