February 5, 2015

တစ်လခွဲတာ ကာလအတွင်း ခရီးသည် တင်ယာဉ် မတော်တဆမှု များကြောင့် (၅) ဦးသေဆုံးပြီး (၂၇) ဦး ဒဏ်ရာရ

ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ မှ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ အထိ ခရီးသည် တင်ယာဉ် မတော်တဆမှု အကြိမ် (၂၀) ဖြစ်ပွားခဲ့ ရာ (၅) ဦးသေဆုံးပြီး (၂၇)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။ ဒီမတော်တဆမှု တွေက ဒိုင်နာယာဉ်တွေ အများဆုံး ဖြစ်နေတာ။ ဒါကြောင့် အဲဒီ ယာဉ်မောင်းတွေကို သေချာ ကြပ်မတ် သွားမယ် ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ကပြောသည်။
                အဆိုပါ မတော်တဆမှု များမှာ မော်တော်ယာဉ် စက်ပစ္စည်း ချို့ယွင်းမှုနှင့် ရာသီဥတုကြောင့် ဖြစ်ပွားမှု နည်းပြီး၊ စည်းကမ်းမဲ့ မောင်းနှင်မှု ကြောင့်သာ အများဆုံး ဖြစ်ပွားနေ ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယာဉ်မတော်တဆမှုများ လျော့နည်း လာစေရန် ယာဉ်လုပ်သား များအား အသိပညာပေး သင်တန်း များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေလျှက်ရှိ သော်လည်း ယာဉ် မတော်တဆမှု များမှာ သိသိသာသာ လျော့နည်း သွားခြင်းမရှိ သေးကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် အတွင်း ခရီးသည်တင် ယာဉ်မတော်တဆမှု (၃၇၀၀)ကျော် ဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မတော်တဆမှု (၄၁၀၀) အထိ တိုးမြင့် ဖြစ်ပွားခဲ့ကြောင်း မထသ (ဗဟို)ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31265

No comments:

Post a Comment