လာမည့် (၂၀၁၅) အထွေထွေ ရွေးကောက်ပွဲတွင် ယာယီ သက်သေခံကတ် (White Card) ကိုင်ဆောင်သူ များကို မဲပေးခွင့် ပြုပါက ရှေ့ဆုံးမှ ဦးဆောင်ကာ ကျောင်းမှန်း ကန်မှန်း သိအောင် ဆုံးမ သွားမည်ဟု ဆရာတော် ဦးဝီရသူက ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော်၊ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထား သူများ အရေးအား အခြေခံ ဥပဒေ ပြင်ဆင်ရေးထက် ပို၍ အရေးပေးရန် တောင်းဆို လိုက်သည်။ တစ်သန်းမျှသော ခိုးဝင်လာ သူများကို ဦးစားပေး ခြင်းဖြင့် သန်း (၅၀) ကျော်သော တိုင်းရင်းသား ပြည်သူ များကို သစ္စာ မဖောက်ရန် သတိပေး လိုက်သည်ဟု ဆရာတော် ဦးဝီရသူက ၎င်း၏ ကြေညာချက်တွင် ထည့်သွင်း ရေးသား ထားသည်။ မြန်မာနိုင်ငံ အတွင်းတွင် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်ထား သူများအား ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲတွင် ဆန္ဒမဲ ပေးခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်က ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယာယီ သက်သေခံ ကတ်ပြား ကိုင်ဆောင်ထားသူ များကို ဆန္ဒမဲ ပေးနိုင်ရန် အတွက် နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက် ပေးပို့ လာခြင်းအား မဲခွဲ ဆုံးဖြတ်ခဲ့ ရာတွင် သမ္မတ၏ သဘောထားကို ထောက်ခံသူများ သောကြောင့် ထိုကဲ့သို့ အတည်ပြု ခဲ့ခြင်း ဖြစ်သည်။ အဲဒီမှာ အာဏာ သိမ်းချင်လို့၊ ပြည်သူ တွေကို ဆန္ဒပြမှုတွေ ဖြစ်လာတဲ့ အခါ၊ ထိန်းမနိုင် သိန်းမနိုင်တော့ ပါဘူး ဆိုပြီးတော့ စစ်တပ်က အာဏာ သိမ်းသင့်တယ် ဆိုတဲ့ သဘောမျိုး သက်ရောက်အောင် လုပ်နေ သလားလို့ ဘုန်းကြီးတို့ သံသယတော့ ၀င်မိပါတယ်။ ဒါမှ မဟုတ်လို့ ရှိရင် လွှတ်တော် ထဲက အမတ်တွေက အမျိုးသားထု အပေါ် နားမလည်တဲ့ သဘောလား။ နားမလည်ချင် ယောင်ဆောင် တာလား။ White Card သမားတွေကို မြန်မာ နိုင်ငံက အမတ်တွေက မဲပေးခွင့်ပြုတယ် ဆိုတာကို ဘယ်လို သဘောထား မှတ်ချက် ပေးရမှန်း မသိတော့ဘူးဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့မှ ဦးပါမောက္ခက The Messenger Media သို့ မိန့်ကြားသည်။
ထို့အတူ White Card ကိုင်ဆောင်သူ များကို မဲပေးခွင့် ပြုခြင်းသည် တရားမ၀င် နိုင်ငံခြားသား များကို မဲပေးခွင့် ပြုခြင်း ဖြစ်သောကြောင့် နယ်စပ်မှ တရားမ၀င် ၀င်ရောက်ခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်ပြီး၊ နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ထိခိုက် စေသည့် အတွက် လူမျိုးရေး ပဋိပက္ခကို ဖန်းတီး ရာ ရောက်နေသည့် အပြင် တိုင်းရင်းသား တို့၏ အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်နေကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ထို့အပြင် White Card ကိုင်ဆောင် သူများ မဲပေးခွင့်ကို ကန့်ကွက်ကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်အား ပြန်လည် သုံးသပ် ပေးရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31253
No comments:
Post a Comment