February 5, 2015

တင်သွင်းခွင့် ကန့်သတ်ပြီးနောက် ကားပါမစ် လျှောက်ထားမှု ယခင်ထက် လျော့နည်းသွား

ယာဉ်ကြောကျပ်တည်းမှု လျော့ကျရန်အတွက် ကားတင်သွင်းခွင့်ကို ထိန်းချုပ်လိုက်ပြီး နောက်
ကားပါမစ်လျှောက်ထားမှု ယခင်ထက် ၁၀ ဆခန့်လျော့ကျသွားခဲ့ကြောင်းသိရသည်။
"မူဝါဒမပြောင်းခင်တုန်းက တစ်လကို ကားအစီးရေ ၆,၀၀၀ လောက်ပါမစ်လျှောက် တယ်။ မူဝါဒ
ပြောင်းပြီးတဲ့နောက် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှာ ကားပါမစ်လျှောက်ထားမှုက ၅၀၀ လောက်ပဲရှိ
တော့တယ်" ဟု မြန်မာ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးစိုးထွန်းကပြောသည်။
ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဆိုးရွား သည့် ယာဉ်ကြောကျပ်တည်းမှုများသည် အကန့်အသတ်မဲ့ ယာဉ်တင်သွင်းမှုများ ကြောင့်ဖြစ်သည်ဟု ထောက်ပြမှုများရှိလာခဲ့ပြီး တစ်ဦးချင်းတင်သွင်းခွင့်များကို
ပိတ်ပင် သင့်သည်ဟု ပြောဆိုမှုများရှိလာခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာသည် မှန် သော်
လည်း ကားတင်သွင်းခွင့်ကိုမူ ရပ်ဆိုင်း သွားရန် မလိုလားကြသူများလည်း ရှိသောကြောင့် ကားရပ်
ရန်အတွက် ကားပါကင်နေရာရှိသည်ဟု တင်ပြနိုင်သူများကိုသာ ကားတင်သွင်းခွင့်ပေးမည့် မူဝါဒ
တစ်ရပ်ကို ဒီဇင်ဘာလ၌ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကားတင်သွင်းမည့်သူအနေဖြင့် ၎င်းတို့ နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရယူပြီး
နောက် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို ရယူရမည်ဖြစ်ပြီး ရန်
ကုန် တိုင်းဒေသကြီး အစိုးရသို့ တင်ပြရမည်ဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထောက်
ခံမှသာလျှင် ကားဝယ်ခွင့်ရရှိမည် ဖြစ်သောကြောင့် အနည်းဆုံးအချိန် နှစ်ပတ် ခန့် စောင့်ဆိုင်းရန်
လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင် အချို့မြို့နယ်များက ထောက်ခံချက်ယူရာတွင် ၎င်း
အချိန်ထက် ပိုကြာသည်များလည်း ရှိသည်ဟုဆိုသည်။
"ကျွန်တော်တို့ဆီမှာ ၀ယ်သူတွေက သူတို့ လိုချင်တဲ့ကားကို လာကြည့်ပြီး စရန်လည်းပေးပြီးသွားပြီ။
ဒါပေမဲ့ ကားပါကင်ရှိကြောင်း ထောက်ခံချက်မရသေးလို့ ဆိုပြီးစောင့်နေ ရတယ်။ သုံးပတ်လောက်
ကြာတော့ တချို့ ကားတွေလည်းရကြတယ်။ ဒါပေမဲ့ တချို့ လည်းအခုချိန်ထိ စောင့်နေကြတုန်းပဲ။
ပြောရခက်တယ်" ဟု မာစီဒီးစ်ဘင့်ဇ် မြန်မာ အရောင်းဌာနမှူး ဦးအောင်သက်လွင်က ပြောသည်။
ရန်ကုန်မြို့လယ်တွင် နေထိုင်သောသူ များအနေဖြင့် ကားပါကင်နေရာမရှိသည့် အတွက်ကားတင်
သွင်းရန် လျှောက်ထားမှု မှာ မရှိသလောက်ဖြစ်သည်ဟု သိရသည်။ "ကျွန်တော်တို့ကျောက်တံတား
မြို့နယ်မှာ ရပ်ကွက် ကိုးရပ်ကွက်ရှိတယ်။ ဒါပေမဲ့ ကားပါကင်အတွက် ထောက်ခံချက် လျှောက်ထား
တာ အခုချိန်ထိ မရှိသေးဘူး" ဟု ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူး ဦးမျိုးနိုင်က
ပြောသည်။
"ရန်ကုန်မြို့လယ်ကတော့ ကားပါကင်နေရာလုံးဝမရှိတဲ့အတွက် လျှောက်ထားမှုမရှိဘူး ဆိုတာဖြစ်
နိုင်တယ်။ ကျွန်တော်တို့ဆီမှာလာဝယ်တဲ့သူတွေကလည်း ရန်ကင်းတို့ ကမ္ဘာအေးမြို့နယ်တို့ကများ
တယ်။ ဒါပေမဲ့ အများကြီးတော့မရှိသေးဘူး" ဟု ဖားမားအော်တိုပိုင်ရှင် ဦးစိုးထွန်းက ပြောသည်။
ဆင်ခြေဖုံးမြို့နယ်အချို့တွင် ကားပါကင်ထောက်ခံချက်အတွက် ကျပ် နှစ်သိန်းခွဲ ၀န်းကျင်ဖြင့် ၀ယ်ယူ
မှုများရှိလာပြီး နေရာပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ကားဝယ်ရောင်းများက ပြော
သည်။
ကားပါကင်တင်ပြနိုင်မှ ကားတင်သွင်းခွင့် ပြုမည့် မူဝါဒထုတ်ပြန်ပြီးနောက် မကြာမီ ယာဉ်အိုယာဉ်
ဟောင်းအပ် စလစ်ဖြင့် ကား သစ် သွင်းသူများအနေဖြင့် ကားပါကင် ရှိကြောင်း ထောက်ခံချက်ယူ
ရန် မလိုအပ် ကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် စလစ်ကပ်ကားများ ယခင်ထက် ပိုရောင်း
လာရသည်ဟု သိရသည်။
"ပါကင်ထောက်ခံချက်နဲ့ သွင်းတဲ့သူက တော်တော်ကိုနည်းသေးတယ်။ ကားလာကြည့် တာမျိုးပဲရှိ
တယ်။ စလစ်ကပ်ကားတွေကိုပဲ အ၀ယ်များတယ်" ဟု အောင်ကမ္ဘာ ကား အရောင်းစင်တာက
အရောင်းကြီးကြပ်ရေးမှူး မဇာဇာက ပြောသည်။
http://myanmar.mmtimes.com/index.php/business/13365-2015-02-04-04-51-25.html

No comments:

Post a Comment