'ရွာသားတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ် ထုတ်မှု အလိုမရှိ၊ အလိုမရှိ'၊ 'တောင်ငူဒေသ ဖွံ့ဖြိုး
ရေး နှောင့်ယှက်သူ တို့ရန်သူ၊ တို့ရန်သူ' စတဲ့ အနီရောင်နောက်ခံပေါ်မှာ အဖြူရောင်စာလုံးတွေရေး
ထားတဲ့ ဗီနိုင်းဆိုင်းဘုတ်ကြီး ၁၀ ခုလောက် လယ်ကွင်းပြင်နေပူကျဲကျဲထဲမှာ ထီးထီးမားမားတည်ရှိ
နေပါတယ်။ နေရာက တော့ ရန်ကုန် နေပြည်တော် အမြန်လမ်းမ ကြီး နံဘေး တောင်ငူမြို့အနီး
မိုင်တိုင် ၁၄၈ ၀န်းကျင်မှာပါ။ အချိန်က ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင် ဖြစ်
ပါတယ်။ ဒါကတော့ "ကေတုမတီစက်မှုဥယျာဉ်မြို့ တော်ဖြစ်မြောက်ရေး ထောက်ခံဆွေးနွေးပွဲ"
ဆိုတဲ့အခမ်းအနားရဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။
ဒီစက်မှုဥယျာဉ်မြို့တော်ဆိုတဲ့ စီမံကိန်းကို ကေတုမတီဖွံ့ဖြိုးတိုးတက်ရေး အများနျင့်သက်ဆိုင်သော
ကုမ္ပဏီလီမိတက်က ဆောင်ရွက်မှာဖြစ်ပြီး သူတို့အဆိုအရ အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာ
ဝင် ၅၁၁ ဦးနဲ့ ဖွဲ့စည်း ထားပြီး အစုရှယ်ယာတစ်စုကို ကျပ် တစ်သောင်း သတ်မှတ်ထားပါတယ်။
စီမံကိန်း အကောင်အထည်ဖော်မယ့် ကေတု မတီ ဖွံ့ဖြိုးတိုးတက်ရေး အများနျင့်သက်ဆိုင် သော
ကုမ္ပဏီလီမိတက်အနေနဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး မြေဧက အကျယ်အ၀န်း ဘယ်လောက်သုံးမယ်၊
ရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ် လောက်ရှိမယ်၊ ဘယ်လိုစက်ရုံအမျိုးအစားတွေ၊ ယ်ြလိုလုပ်ငန်းအမျိုး
အစားတွေ ပါဝင် မယ် စတာတွေကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဒီစက်မှုဥယျာဉ်
ဆိုတဲ့နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေကိုသာမက ပြည်ပ လုပ်ငန်းရှင်တွေကိုပါ ဖိတ်ခေါ်သွားဖို့
စီစဉ် ထားတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ က ပြောပါတယ်။
လုပ်ငန်းအကောင်အထည်ဖော်ထားတဲ့ အခြေအနေကတော့ လက်ရှိအချိန်မှာ မြေ၀ယ်ယူတဲ့
အဆင့်ပဲ ရှိသေးပြီး ကုမ္ပဏီရဲ့သတင်းထုတ်ပြန်မှုအရ မြေဧရိယာ အကျယ် ၁၀,၀၀၀ ကျော်အတွင်း
ရှိ မြေယာ တွေ၊ မြေလွတ်မြေရိုင်းတွေကို ၀ယ်ယူခြင်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အနီ
ရောင်ဆိုင်းဘုတ်ကြီးတွေရဲ့ အတွင်း ဘက် ပေအနညှ်းုယ်မှာတော့ လူပေါင်းများစွာ စုဝေးထိုင်
နေတဲ့ မဏ္ဍပ်တစ်ခုရယ်၊ မဏ္ဍပ်ရှေ့မှာတော့ "ကေတုမတီ စက်မှု ဥယျာဉ်မြိုကတော် ဖြစ်မြောက်
ရေး ထောက်ခံ ဆွေးနွေးပွဲ" လို့ အစိမ်းရောင်နောက်ခံမှာ အ၀ါရောင်စာလုံးနဲ့ရေးထားတဲ့ စင်မြင့်
ရှည် ကြီးတစ်ခု ရှိနေပါသေးတယ်။ ထောက်ခံဆွေးနွေးသူ လေးငါးဦးခန့်က တော့ ဒီစက်မှုနယ်
မြေကြီးဟာ သဘာဝပတ် ၀န်းကျင်ကိုမထိခိုက်ရစေပဲ ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်စွာ ဆောင်
ရွက်သွားမှာဖြစ် ကြောင်း၊ စက်မှုနယ်မြေကြီးမှာ အလုပ်ရုံ စက်ရုံတွေ ပေါ်ပေါက်လာရင် ဒေသခံ
တွေ အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ် ထွန်းလာမှာဖြစ်ပြီး လယ်သမားတွေလည်း ပြောင်းလဲ
လာတဲ့ ရာသီဥတုကြောင့် စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်နေကြရုံနဲ့ ဘ၀တွေ တိုး တက်ပြောင်းလဲနိုင်
မှာမဟုတ်ပဲ လယ်သမား တွေရဲ့ဘ၀တွေ တိုးတက်ပြောင်းလဲဖို့ စက်မှု လုပ်ငန်းတွေကို ကြိုဆိုရန်
လိုအပ်ကြောင်း အစရှိသဖြင့် ပြောကြပါတယ်။
ထူးခြားတဲ့ ထောက်ခံဆွေးနွေးမှုတစ်ခုကတော့ စက်မှုဇုန်ဖြစ်မြောက်ရေးအကောင် အထည်ဖော်
နေတဲ့ ကေတုမတီဖွံ့ဖြိုးတိုးတက် ရေး အများနျင့်သက်ဆိုင်သာ ကုမ္ပဏီလီမိတက်ရဲ့ အုပ်ချုပ်မှု
ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာဘဆွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ကိုးကားပြီး
"အလုပ်မရှိတာ ဟာ တိုင်းပြည်အတွက် ဂြိုဟ်ဆိုးပဲ" လို့ ထုတ်နုတ်ပြောကြားပြီး ဒီစက်မှုနယ်မြေ
ကြီး က ဒေသခံတွေကို အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးမယ့်အရာဖြစ်ကြောင်း
အာမခံပြော ကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ထောက်ခံဆွေးနွေးသူတွေထဲက၊ပညာ ရေးလုပ်ငန်း လုပ်
ကိုင်သူ ဦးမော်သိန်းနိုင်ကို မြန်မာတိုင်း(မ်)က ဒီစက်မှုဇုန်ကြီးက ဒေသ ခံတွေကို အလုပ်အကိုင်
အခွင့်အလမ်းတွေ ဖန်တီးပေးမယ်ဆိုတာနဲ့ပတ်သက်ပြီး စက်မှု ဇုန်ကြီးမှာ ဘယ်လိုစက်ရုံတွေပါ
မယ်၊ ဘယ်လို အလုပ်အမျိုးအစားတွေထွက်ပေါ်လာမယ်၊ ဠူဘယ်နှစ်ယောက်လောက် အလုပ်ရနိုင်
မယ်ဆိုတာကို အကောင်အထည် ဖော်ဆောင် ရေးအဖွဲ့ထဲမှာမပါပဲ ဘယ်လိုများသိထား ပါလဲလို့
မေးမြန်းခဲ့ပါတယ်။
http://myanmar.mmtimes.com/index.php/business/13292-2015-01-28-04-33-08.html
No comments:
Post a Comment