စတော့ အိတ်ချိန်း တရားဝင် ဖွင့်လှစ်ခြင်း မပြုမီ လုပ်ငန်းရှင်များအား
စတော့ ရှယ်ယာ ဆိုင်ရာ အသိပညာ ပေးမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန်
လိုအပ်လျက် ရှိကြောင်း ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ
အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
အဓိက ပြောလိုတဲ့ အချက်က အများပိုင် လုပ်ရတဲ့ အခါမှာ မန်နေဂျာတွေရဲ့ စီမံ
ခန့်ခွဲမှုတွေဟာ မှန်ကန်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက မိမိ တို့ရဲ့
လုပ်ငန်းနဲ့ ပတ်သက်တဲ့ အစီအစဉ် တွေကို အများပြည်သူ သိရှိအောင် ချပြနိုင်မှ
လုပ်ငန်း လည်ပတ်မှု အဆင်ပြေနိုင်မှာ ဟု ဒေါက်တာ မောင်မောင်လေး က ပြောသည်။
ကုမ္ပဏီများ အနေဖြင့် လုပ်ငန်း လုပ်ဆောင်ရာတွင် ငွေချေး သက်သေခံ လက်မှတ်
ထုတ်ရောင်းမှုနှင့် လုပ်ငန်းရှင်မှ ပိုင်ဆိုင် ထားသည့် အစု ရှယ်ယာ
ထုတ်ရောင်းမှု ဟူ၍ အမျိုးအစား နှစ်ခုသာ ရှိသော်လည်း ဈေးကွက် သတင်း
အချက်အလက်နှင့် နည်းပညာပိုင်း တို့အား စနစ်တကျ လေ့လာရန် လိုအပ်မည်
ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ကျွန်တော်တို့
နိုင်ငံမှာ ကတော့ အိတ်ချိန်းထဲ ၀င်ပါ နိုင်ဖို့ အတွက် အများပိုင် လုပ်ငန်း
ကုမ္ပဏီ အရေအတွက်က နည်းနေပါ သေးတယ်။ ဒီတော့ ဒါကို အသေးစားနဲ့ အလတ်စား
လုပ်ငန်းတွေ ပေါင်းစုပြီး အများပိုင်တွေ ဖြစ်လာဖို့ ဆိုတာ အစိုးရက
ပံ့ပိုးပေး ဖို့လည်း လိုနေ ပါတယ်ဟု ရွှေမြန်မာ ဖွံ့ဖြိုး တိုးတက်ရေး
အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က သုံးသပ်ပြောသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရန်ကုန် စတော့ အိတ်ချိန်းကို ၂၀၁၅ ခုနှစ်၊
အောက်တိုဘာလ အတွင်း ဖွင့်လှစ်ရန် ရှိပြီး၊ လုပ်ငန်း လုပ်ကိုင်မည့်
ရင်းနှီးမြှုပ်နှံ လိုသည့် လုပ်ငန်းစုများ၏ လျှောက်လွှာ များကို ဇန်န၀ါရီလ
(၁၉) ရက်နေ့မှ စ၍ ရောင်းချနေပြီး၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့အား နောက်ဆုံး
သတ်မှတ် ထားကြောင်း အစိုးရမှ သတင်း ထုတ်ပြန် ထားသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31251
No comments:
Post a Comment