February 3, 2015
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အဆောက်အအုံ တည်ဆောက်ခဲ့သည့် ကုမ္ပဏီများကို အရေးယူ
ရန်ကုန် ၊ ၃-၂-၂၀၁၅
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အဆောက်အအုံ တည်ဆောက် ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို အရေးယူ ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။
အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီ ၁ဝ ခုကို လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်ခဲ့ပြီး ယင်းကဲ့သို့ ဆောင်ရွက် ရာတွင် သင်္ဃန်းကျွန်း မြို့နယ်၊ လှိုင်မြို့နယ် နှင့် မရမ်းကုန်း မြို့နယ်တို့ အတွင်း၌ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီ အများစု ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ် ထားသည့် အဆောက်အအုံ ပေါင်း ၃၇ လုံး ရှိကြောင်း၊ ပါမစ်လုံးဝ မရှိဘဲ ဆောက်လုပ်ပါက ဒဏ်ကြေးအဖြစ် တစ်ပေ ပတ်လည်လျှင် ငွေကျပ် ၅ဝဝ နှုန်းနှင့် ခွင့်ပြုသည် ထက် အထပ်ပို ဆောက်လုပ်ပါက တစ်ပေပတ်လည် လျှင် ငွေကျပ် ၂၅ဝဝ နှုန်း အသီးသီး ဒဏ်ဆောင်စေပြီး အခြေခံ ဖောင်ဒေးရှင်း အဆင့်သာ ရှိသည့် အဆောက်အအုံ များကို ဖျက်ဆီးသည် အထိ အရေးယူနိုင်ကြောင်း သိရသည်။
ယင်းကဲ့သို့ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် လုပ်ငန်းရှင် များအား စည်ပင် ဥပဒေပုဒ်မ ၆၈ အရ ဒဏ်ရိုက်ခြင်း နှင့် ပုဒ်မ ၆၉ အရ တရားစွဲဆို၍ လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် နိုင်သည်။ ရန်ကုန်မြို့တော်၌ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ နှစ်ကုန်ပိုင်း အထိ တရားမဝင် ဆောက်လုပ် ထားသည့် အဆောက်အအုံ ၃၇ လုံးအထိ ဖြိုဖျက်ခဲ့ ရကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာနမှ သိရသည်။
Themyawadydaily
မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2015/02/blog-post_84.html
Labels:
Business
Subscribe to:
Post Comments (Atom)
No comments:
Post a Comment