February 4, 2015

MPT ဟန်းဆက် ၀ယ်ယူသူများ အတွက် မိုဘိုင်း ၀န်ဆောင်မှုများ အခမဲ့ ထည့်သွင်း ပေးထား

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှ စ၍ M- Phone ၏ M 100 ဟန်းဆက် ၀ယ်ယူသူများ အတွက် မိုဘိုင်းနှင့်ဆက်စပ်သည့် ၀န်ဆောင်မှု များအား အခမဲ့ ထည့်သွင်း ထားကြောင်း၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။MPTအနေနဲ့ ကတော့ ပြည်သူတွေကို အကောင်းဆုံး ၀န်ဆောင်မှု တွေပဲ ပေးနိုင်ဖို့ အမြဲ အစဉ်တစိုက် ဆောင်ရွက် နေတယ်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးစောထူးသာက ဆိုသည်။
                ယင်းကဲ့သို့ ၀န်ဆောင်မှု ပေးရာတွင် ဟန်းဆက် တစ်လုံး ၀ယ်ယူသူ များအား လက်ဆောင် အဖြစ် ဆွေသဟာအစီအစဉ်ကို လျှောက်ထား ပြီး၊ MPT SIM Card၊ MPT ၏  Top Up 10000 ကျပ်နှင့် အင်တာနက် 500 MBတို့ကို ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် M 100 ဟန်းဆက် ၀ယ်ယူပြီး ချိန်မှစ၍ တစ်လလျှင် ငွေဖြည့် တန်ဖိုး (၂၀၀၀)  ကျပ်နှင့် အင်တာနက် M 100တို့ကိုလည်း ငါးလ တိတိ အခမဲ့ ၀န်ဆောင်မှုပေး သွားမည် ဖြစ်ကြောင်း သိရသည်။
                အဆိုပါ ဟန်းဆက်သည် Androidအမျိုးအစားဖြစ်ပြီး 2G, 3G ကွန်ရက်များကို ချိတ်ဆက် အသုံးပြု နိုင်မည် ဖြစ်ကာ တန်ဖိုးမှာ (၉၉၉၀၀) ကျပ်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ အော်ရီဒူးက  ရောင်းတဲ့ ဟန်းဆက်နဲ့ ဈေးက ထက်ဝက်လောက် ကွာတယ်။ ၀န်ဆောင်  မှုတွေကလည်း အတူတူပဲဆိုတော့၊ MPT က ဈေးကိုကြီးနေတာ ဟု မိုဘိုင်းဖုန်း သုံးစွဲနေသူ မသူဇာက ဆိုသည်။MPT ၏ မိုဘိုင်း ၀န်ဆောင်မှုများ ပေးခြင်း အတွက် CG Mobile ကုမ္ပဏီနှင့် ပူးပေါင်းကာ ဆောင်ရွက်ခြင်း ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက www.mpt.com.mm သို့ ၀င်ရောက် ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31183

No comments:

Post a Comment