အခွန်ဆောင်ရန် ပျက်ကွက်ပြီး ဆက်သွယ်၍ မရသည့် ကုမ္ပဏီ (၁၉၇) ခုအား ယခုလ
(၂၈) ရက် နောက်ဆုံးထား ဆက်သွယ်ခြင်း မရှိပါက ကုမ္ပဏီ၊ မှတ်ပုံတင် စာရင်းမှ
ပယ်ဖျက်မည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု
ဦးစီးဌာနမှ ယမန်နေ့က ထုတ်ပြန် လိုက်သည်။
သတ်မှတ်ပေးတဲ့ ရက်အတွင်း လာရောက် မဆက်သွယ်ရင် ကုမ္ပဏီ အက်ဥပဒေနဲ့ အညီ
အရေးယူမယ်။ လာရောက် ညှိနှိုင်း ရင်တော့ အရေးယူမှု မရှိပါဘူး ဟု MIC မှ
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ အဆိုပါ ကုမ္ပဏီ များမှာ
ပဲခူး တိုင်းဒေသကြီး မှ (၂၁) ခု၊ တနင်္သာရီ တိုင်းဒေသကြီးမှ (၉၅) ခုနှင့်
ကရင် ပြည်နယ်မှ (၈၁) ခု စုစုပေါင်း (၁၉၇) ခုတို့ ဖြစ်ကြောင်း သိရသည်။
ယင်းကုမ္ပဏီများ လာရောက် ညှိနှိုင်းပါက လိုအပ်သည့် လိပ်စာ အချက်အလက်များ
တရားဝင်ထား ရှိခြင်းနှင့် အခွန်ဆိုင်ရာ လိုက်နာစေခြင်း စသည် တို့ဖြင့်
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် ကိုတော့ ပြည်တွင်း အခွန်
ဦးစီးဌာနက ဆက်ပြီး ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် အတိအကျ မပြောနိုင်သေးဘူး ဟု
ဦးအောင်နိုင်ဦးက ပြောသည်။ ယခု လက်ရှိတွင် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ကုမ္ပဏီ စုစုပေါင်း(၃၅၀၀၀) ကျော်ရှိပြီး၊ ယင်းအထဲမှ အခွန်
ထမ်းဆောင် နေသော ကုမ္ပဏီမှာ(၂၀၀၀၀) ကျော်သာ ရှိကြောင်း၊ အခွန် စစ်ဆေးရေး
ဘုတ်အဖွဲ့မှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31174
No comments:
Post a Comment