February 4, 2015

စာရေးဆရာ ဆရာထင်လင်းဦး ရုံးပြောင်း လျှောက်ထားမှု ပယ်ချခံရ

သံဃာတော် အပေါင်းတို့အား ရိုင်းပျစွာ ရှုတ်ချပြောဆို ဟောပြောသည်ဟု ဆိုကာ ချောင်းဦးမြို့နယ် တရားရုံးတွင် သာသနာ ညှိုနွမ်းစေမှုဖြင့် အမှုရင်ဆိုင်နေ ရသည့် စာရေး ဆရာ ထင်လင်းဦး (Wisdom Villa) အား လုံခြုံရေး အရ ခရိုင် တရားရုံးသို့ ပြောင်းလဲ လျှောက်ထားမှုကို မုံရွာခရိုင် တရားရုံးမှ ပယ်ချခဲ့ကြောင်း သိရသည်။
              ခရိုင်တရားရုံးကို ဆရာ ထင်လင်းဦး ရှေ့နေ ဖြစ်သူက ပြောင်းလဲ လျှောက်ထား လာပါတယ်။ အမှုတွဲကို လက်ခံ ထားတယ်။ ဒါပေမဲ့ မဆုံးဖြတ် ရသေးဘူး။ အမှုတွဲထဲမှာ ဘာကြောင့် ပြောင်းလဲ လျှောက်ထားတယ် ဆိုတာကို ပြည့်ပြည့်စုံစုံ ရေးမထား ပါဘူး။ အမှုပေါင်း မြောက်မြားစွာကို ချောင်းဦး မြို့နယ် တရားရုံးမှာ စစ်ဆေးခဲ့ တာပဲလေ။ အခုမှ ပြောင်းလျှောက်မယ် ဆိုတော့ အမှုသည်တွေက ဘယ်လို မြင်မလဲ။ ဒါကြောင့် လက်မခံခဲ့ တာပါ ဟု တိုင်းဒေသကြီး တရားသူကြီးချူပ်က The Messenger Media သို့ ပြောသည်။
                စာရေးဆရာ ထင်လင်းဦး (Wisdom Villa) သည် ပြီးခဲ့သည့် ဇန်န၀ါရီလ(၁၆) ရက် နေ့ကလည်း ငါးကြိမ်မြောက် အာမခံ လျှောက်ထားခြင်းကို ပယ်ချခံခဲ့ရသည့် အပြင် လုံခြုံရေးအရ အားနည်းမှုနှင့် ဖိအားများခြင်း တို့ကြောင့် ခရိုင်တရားရုံးသို့ ရှေ့နေ ဖြစ်သူမှ ပြောင်းလဲ လျှောက်ထားခွင့် တောင်းဆို ထားခဲ့ခြင်း ဖြစ်သည်။ အရင်ကတော့ ပြောင်းမိန့်ကျ လာမလား ဆိုပြီး အမှုတွဲတွေကို ခရိုင်ကိုပို့ထား လိုက်ပါတယ်။ (၁၆) ရက်နေ့မှာ ချောင်းဦး မြို့နယ် တရားရုံးမှာပဲ စစ်ဆေးသွား မှာပါ။ တရားလို ထွက်ဆိုချက် တွေလည်း စစ်ဆေး ပြီးပါပြီ ဟု ချောင်းဦး မြို့နယ် တရားသူကြီးက ပြောသည်။
                အဆိုပါ စာရေးဆရာ ထင်လင်းဦး (Wisdom Villa) အား ချောင်းဦးမြို့နယ် တရားရုံးတွင် နိုဝင်ဘာလ (၂၀) ရက်က မြို့နယ် သာသနာရေး ဦးစီးဌာနမှ သာသနာ ညှိုးနွမ်းစေမှု ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ပြစ်မှုကြီး အမှတ် ၃၄၆/ ၂၀၁၄၊ ၂၉၅-က၊ ၂၉၈ တို့ဖြင့် စွဲချက်တင် လိုက်ခြင်း ဖြစ်ကြောင်း မြို့နယ် တရားရုံး တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31181

No comments:

Post a Comment