February 4, 2015

အီလက်ထရွန်နစ်စနစ်ဖြင့် နိုင်ငံခြားငွေလဲလှယ်ရေးဝန်ဆောင်မှု ပြည်တွင်းတွင် စတင်ရန်ဆွေးနွေး

ဆွေးနွေးပွဲကျင်းပနေစဉ်(ဓာတ်ပုံ-ထက်အာကာ)



ကမ္ဘာတစ်ဝန်းရှိ စီးပွား ရေးနှင့် ငွေကြေးဆိုင်ရာသတင်း များ၊ အချက်အလက်များ၊ ဝေဖန် ဆန်းစစ်မှုများ လွှင့်တင်ပေးနေ သည့် Bloomberg ၏ အီလက် ထရွန်နစ်နည်းပညာဖြင့် နိုင်ငံခြား ငွေလဲလှယ်မှု (Foreign Ex-change) ကို ယခုနှစ်အတွင်း  ပြည်တွင်းဘဏ်များ၌ အသုံးချရန် ဆွေးနွေးနေကြောင်း သတင်းရရှိ သည်။
‘‘Bloomberg ရဲ့ Terminal ကိုသုံးပြီး နိုင်ငံခြားငွေကြေးလဲ လှယ်မှု (FX)ဘယ်လိုရောင်းကြ၊ ၀ယ်ကြတယ်ဆိုတာကို အခုက သင်တန်းပို့ချတဲ့ အဆင့်ပေါ့။ ဒီမှာ FX ဈေးကွက်ဘယ်လို ဖွံ့ဖြိုးအောင်လုပ်မလဲ။ သူတို့ရဲ့ Terminal ကို သုံးမယ်။ အဲဒါတွေ သူတို့နဲ့ ဆက်ဆွေးနွေးသွားမယ်’’ ဟု မြန်မာနိုင်ငံဗဟိုဘဏ်မှ အ ကြီးတန်းအရာရှိတစ်ဦးက ပြော သည်။
ပြီးခဲ့သည့် ၂၀၁၂ ဧပြီလ မှစတင်ကာ ပြည်တွင်းဘဏ်များ အား နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်မှု ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း Yangon Forex Committee ဥက္ကဋ္ဌဦးမြသန်းက ဆိုသည်။
‘‘မြန်မာနိုင်ငံလို ဈေးကွက် ဖွင့်စနိုင်ငံမှာ အဆင့်မြင့်နည်း ပညာတွေနဲ့ ရောင်းဝယ်ကြတဲ့အ ချိန်မှာ Bloomberg အနေနဲ့ တတ်နိုင်သလောက် ၀င်ကူညီပေး တဲ့သဘောပါ။ ဒီလိုကူညီပေးခြင်း နဲ့ ဘဏ်တွေက သူ့နည်းပညာတွေ သုံးလာမယ်။ နောင်ကျရင် ဘဏ် တစ်ခုချင်းစီအနေနဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေကြည့်ပြီး သူ့ ရဲ့ ဘယ်စနစ်တွေကို အသုံးပြု မယ်။ ဘယ်လိုနည်းပညာပစ္စည်း တွေကို သုံးမယ်ဆိုတာတွေ ရှိလာ နိုင်တယ်’’ဟု ၎င်းကသုံးသပ်ပြောကြားသည်။

ဖေဖော်ဝါရီ ၃ နှင့် ၄ ရက် တို့တွင် Bloomberg သည် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၌ ၎င်းတို့၏ အီလက်ထရွန်နစ်နည်းပညာ အ သုံးပြုစနစ်များကို ပြည်တွင်း ဘဏ်များရှိ ၀န်ထမ်းအချို့အား သင်တန်းပို့ချခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲ လှယ်မှု ဈေးကွက်ဖွံ့ဖြိုးမှုသင် တန်းသို့ ပြည်တွင်းဘဏ် ၂၁ခုမှ တက်ရောက်သူဦးရေ ၁၀၀ ၀န်းကျင်ရှိကြောင်း Bloomberg  ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
http://7daydaily.com/story/30959#.VNGlzMnZGM8

No comments:

Post a Comment