February 23, 2015

ကိုးကန့်တိမ်းရှောင်အဖွဲ့မှ ၇၂ ဦး သေဆုံးကြောင်း မြန်မာ့တပ်မတော်သတင်းထုတ်ပြန်

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးရှင်းလင်းပြောကြားစဉ်(ဓာတ်ပုံ-ရန်မျိုးနိုင်)
အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့မှ တပ်မဟာမှူးအဆင့်ရှိသူ တစ်ဦးအပါအ၀င် ၇၂ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဘုရင့်နောင်ရိပ်သာခန်းမတွင် ပြုလုပ်သော ကိုးကန့်သောင်းကျန်းသူ သမိုင်းနှင့် လောက်ကိုင်ဒေသကို ကိုးကန့်သောင်းကျန်းသူများ ၀င်ရောက်တိုက်ခိုက်မှုဖြစ်စဉ် ရှင်းလင်းပွဲ၌ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်သူဆုံးရှုံးမှုအနေဖြင့် အခြားသတင်းများအရ တပ်မဟာမှူးအဆင့်ရှိသူ တစ်ဦး၊ အထူးတိုက်ခိုက်ရေးတပ်ရင်းမှူးအဆင့် ရှိသူ တစ်ဦးအပါအ၀င် ၇၂ ဦးခန့် သေဆုံးခဲ့ပြီး အလောင်း ၃၄ လောင်းရရှိခဲ့ကြောင်း  သတင်းထုတ်ပြန်သည်။ လက်နက်မျိုးစုံ ၁၁၅ လက်၊ ခဲယမ်းမျိုးစုံ၊ မိုင်းနှင့် မူးယစ်ဆေးဝါးအများအပြားလည်း  သိမ်းဆည်းရမိထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)က ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်သည်။
‘‘ ဒေသခံတွေ ပြောပြချက်အရ သောင်းကျန်းသူအများအပြားကျဆုံးပြီး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကျွန်တော်တို့တင်ပြချင်တာက ဒီနယ်မြေဒေသခံတွေက နယ်မြေအကြောင်းကိုအသိဆုံးဖြစ်ပါတယ်။’’

‘‘ကျွန်တော်တို့ ပစ်ခတ်မှု တွေအားလုံးကြောင့် ဒဏ်ရာရရှိ သူတွေ သေဆုံးမှုတွေရှိပါတယ်။ သို့သော်ကျွန်တော်တို့ နယ်မြေမှာ  ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေ တစ်ယောက်မှ မရှိပါဘူး။ ဒီဒဏ်ရာ ရရှိတဲ့သူတွေ ဘယ်ကိုရောက် သွားမလဲဆိုတာ သတင်းစာဆရာ ကြီးများ စဉ်းစားသုံးသပ်နိုင်မယ် လို့ ကျွန်တော်အနေနဲ့ ထင်မြင်ယူ ဆပါတယ်’’ဟု  ကိုးကန့်တိမ်း ရှောင်အဖွဲ့ ကျဆုံးမှုနှင့် ပတ်သက်၍ ၎င်းကပြောသည်။
လောက်ကိုင်ဒေသတိုက်ပွဲ ဖြစ်စဉ်များတွင် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ မြန်မာ့တပ်မ တော်မှ အရာရှိ ခုနစ်ဦး၊ အခြား အဆင့်စစ်သည် ၄၇ ဦးကျဆုံးခဲ့ ပြီး အရာရှိ ၁၂ ဦးနှင့် အခြားစစ် သည် ၉၃ ဦးဒဏ်ရာရရှိခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးအပါအ၀င် ခုနစ်ဦးကျဆုံးခဲ့ ကြောင်း ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)ထုတ်ပြန်ချက်အရသိ ရသည်။
http://7daydaily.com/story/32306#.VOqeycnZGM8

No comments:

Post a Comment