ကိုးကန့်ဒေသတွင် ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရစဉ် (ဓာတ်ပုံ − လင်းဘိုဘို(အီးပီအေ))
‘‘ကြက်ခြေနီကကယ်ဆယ် ရေးလုပ်ငန်းလုပ်ရမယ်။ လူမှု ကရုဏာလုပ်ငန်းတွေဆိုခိုင်းပါ။ လုပ်ဖို့ခိုင်းပါ။ ဆရာတို့လုပ်ပါ မယ်။ သို့သော်လည်း ညဘက် လိုက်ပြီးသန်းခေါင်စာရင်းစစ် တာတော့ ကြက်ခြေနီတာဝန် မဟုတ်ပါဘူးမခိုင်းပါနဲ့။ မေတ္တာ ရပ်ခံထားပါတယ်’’ဟု ၎င်းက ပြောသည်။
၂၀၁၄ဒီဇင်ဘာအတွင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် စည်ပင်ရွေးကောက်ပွဲ၌ ရွှေ ပြည်သာမြို့နယ်တွင် မဲဆန္ဒရှင် တစ်ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးတို့အကြား အချေအတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရွေး ကောက်ပွဲများကျင်းပပါက ကြက် ခြေနီများအား စီမံခန့်ခွဲရေးနှင့် လုံခြုံရေးအပိုင်းများတာဝန်မပေး ရန်ထပ်မံသတိပေးသွားမည်ဖြစ် ကြောင်းဒေါက်တာသာလှရွှေကပြောသည်။
‘‘မဲရုံစောင့်တဲ့တာဝန်က ကြက်ခြေနီတာဝန်မဟုတ်ဘူး။ မဲထည့်မယ့်အဘိုးအိုသည် မသန် စွမ်းဖြစ်လို့ကူညီရမယ်။ မူးပြီးလဲ ကျရင် ရှေးဦးပြုစုနည်းလုပ်ပေး မယ်။ မဲရုံလုံခြုံရေးတို့၊ မဲရေတာ တို့ မလုပ်ရပါဘူး’’ဟု၎င်းကပြောကြားသည်။
ရွေးကောက်ပွဲကဲ့သို့သော ကိစ္စရပ်များသည် ကြက်ခြေနီတပ် ဖွဲ့ဝင်များအနေဖြင့် လူမှုကရုဏာ အကူအညီပေးရေးလုပ်ငန်းများမှ လွဲပြီး အခြားကိစ္စများဝင်ရောက် မစွက်ဖက်ရန် မတ်လအတွင်း ကျင်းပမည့် ဗဟိုကောင်စီအစည်း အဝေးတွင် နိုင်ငံအနှံ့မှတက် ရောက်လာသည့်ကိုယ်စားလှယ် များအား ထပ်မံသတိပေးသွား မည်ဖြစ်ကြောင်း ဒေါက်တာသာ လှရွှေကပြောသည်။
‘‘ကြက်ခြေနီ တပ်ဖွဲ့ဝင် လူငယ်လေးတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ်။သူကြိုက်တဲ့ပါတီကြိုက်တာရွေး လို့ရတယ်။ ဘယ်သူမဲထည့်ထည့် ဝင်မပြောဘူး။ သို့သော်လည်း ကြက်ခြေနီတံဆိပ်ကိုသုံးပြီး ကြက်ခြေနီကူညီပံ့ပိုးမှုကိုယူပြီး မဲဆွယ်တာတို့ ဘာတို့လုပ်ရင် တော့ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ မပါအောင် ၂၀၁၁က သတိပေး တယ်။ ဒီတစ်ခါလည်း သတိပေး မှာပါ’’ဟု ၎င်းကပြောကြားသည်။
http://7daydaily.com/story/32302#.VOqe4snZGM8
No comments:
Post a Comment