February 23, 2015

ကိုးကန့်ဒေသတိုက်ပွဲများအမြန်ရပ်တန့်၍ နိုင်ငံရေးအရဖြေရှင်းရန် UNFC တိုက်တွန်း

စစ်ပြေးဒုက္ခသည် ကလေးငယ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA ကိုအသိအမှတ်ပြု ပြီး ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ အမြန်ရပ်တန့်ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးကို အမြန်ဖော်ဆောင်သင့်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)က ဖေဖော်ဝါရီ ၂၁ရက်တွင် အစိုးရအား တိုက်တွန်းလိုက်သည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုဖြစ် သော UNFC၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီက စနေနေ့ကြေ ညာချက် ထုတ်ပြန်ရာတွင် ‘‘ကိုး ကန့်အဖွဲ့(MNDAA)အားအခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနည်းတူ အသိအမှတ် ပြု၍ ဤလက်နက်ကိုင်ပဋိပက္ခကို အမြန်ရပ်တန့်ပြီး အစိုးရကိုယ်စား  (UPWC)နှင့် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့များ ၏ ကိုယ်စား(NCCT)တို့၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှသည် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးကို အမြန် ဖော်ဆောင်နိုင်ရန် ဦးစားပေးကြိုး ပမ်းလုပ်ဆောင်သင့်ကြောင်း အ ကြံပြုတိုက်တွန်းအပ်ပါသည်’’ဟု ရေးသားထား၏။
အစိုးရ တပ်မတော်နှင့် MNDAA ကြား တိုက်ပွဲများမဖြစ် ပေါ်မီ တစ်လအလိုခန့်က MNDAAနှင့် 7Day သတင်းဌာန အင်တာဗျူး၌ MNDAAအတွင်းရေးမှူးက တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရာတွင်ပါဝင်ရေးထိုးရန် ၎င်းတို့ဘက်က အဆင်သင့်ရှိနေသော်လည်း အစိုးရဘက် က ၎င်းတို့အဖွဲ့ကို အသိအမှတ်မပြုခြင်းဆိုသည့် အချက်တစ်ချက်လည်း ပြန်လည်တိုက်ခိုက်ရခြင်း အကြောင်းရင်းများအနက်ပါဝင်ကြောင်း ဖြေ ကြားခဲ့ဖူးသည်။
ဖေဖော်ဝါရီ ၂၁ရက် UNFC ကြေညာချက်တွင် လက်ရှိဖြစ်ပွား နေသောတိုက်ပွဲများကြောင့် ထိ ခိုက်သေဆုံးနေရသော ပြည်သူအ များစုသည် ဒေသခံကိုးကန့်လူမျိုး အများစုဖြစ်၍ ထိုလုပ်ရပ်ကိုကိုး ကန့်အဖွဲ့အစည်း(MNDAA)က ပြုလုပ်လိမ့်မည်မဟုတ်ဟု ယုံ ကြည်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်သည် တရားဝင်မြန် မာတိုင်းရင်းသား ၁၃၅မျိုးစာရင်း တွင်ပါဝင်ခြင်း၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုးကန့်ဒေသ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားခြင်း၊ MNDAA သည် ၁၉၈၈နောက်ပိုင်း န၀တအစိုးရနှင့် ပထမဆုံးအပစ် အခတ်ရပ်စဲခဲ့သော အဖွဲ့ဖြစ်ခြင်း၊ MNDAAသည် ဗမာပြည်ကွန်မြူ နစ်ပါတီ (ဗကပ)မှ ခွဲထွက်ပြီး န၀တ၊နအဖအစိုးရနှင့်အပစ်ရပ် ထားသော ကာလတစ်လျှောက် နှစ်ဖက်ဆက်ဆံရေး ပြေပြစ်ခဲ့ကြ ခြင်းအစရှိသည့် အချက်များအပါ အ၀င် မြန်မာအစိုးရနှင့် ကိုးကန့် အဖွဲ့အကြားသမိုင်းကြောင်းကို လည်း UNFCကထောက်ပြထား သည်။ ၂၀၀၉ တွင်အစိုးရ၏ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းလဲရေးဖိအားပေးမှု ကို MNDAAကလက်မခံသဖြင့် အစိုးရက MNDAAကို တိုက်ခိုက် ချေမှုန်းခဲ့ပြီး ဖုန်ကြားရှင်နှင့်အဖွဲ့ မှာ ဒေသမှ ရှောင်ခွာခဲ့ရသည်ဟု UNFCကဆိုသည်။
ပြီးခဲ့သည့်ရက်က 7Day သ တင်းဌာနနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သီးသန့်မေးမြန်း ခန်းတွင် ဖုန်ကြားရှင်အရေးနှင့် ပတ်သက်၍ တပ်ချုပ်ပြောကြားရာ၌ ၂၀၀၉ က ကိုးကန့် ဒေသတွင် တရားမ၀င်လက်နက် ထုတ်လုပ်သူများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့်ပတ်သက်၍ တပ် မတော်က ရှင်းချက်ထုတ်လိုက်ကြောင်း၊ ဖုန်ကြားရှင်အဖွဲ့ထွက်ပြေးသွားရကြောင်းဖြေကြားခဲ့သည်။
နေပြည်တော်က တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်လက်မှတ်ရေး ထိုးရာတွင် ဖိတ်ကြားမည့်အဖွဲ့ကို  ကေအင်န်ယူနှင့် ရှမ်းပြည်တပ်မ တော်တို့အပါအ၀င် ၁၆ဖွဲ့အဖြစ် လွန်ခဲ့သည့်တစ်နှစ်က သတ်မှတ် ခဲ့သည်။ ယင်းစာရင်းတွင် MNDAA မပါဝင်ပေ။ ၁၆ဖွဲ့အနက် KIAနှင့် TNLAမှအပ ကျန် ၁၄ဖွဲ့ မှာ ပြည်နယ်နှင့် ပြည်ထောင်စုအ ဆင့်အပစ်ရပ်သဘောတူလက် မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။
ထိုသို့ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားသည့်စာရင်းတွင် မပါဝင်သောကျန်အဖွဲ့များမှာ သေးငယ်လွန်းသည်(သို့မဟုတ်) အဖွဲ့ကြီးများနှင့် သူတို့ရှင်သန်ရပ် တည်ရေးအတွက်မှီခိုနေရသည် ဟု သတ်မှတ်ကြောင်းအစိုးရနှင့် နီးစပ်သည့်သတင်းရင်းမြစ်အ ပေါ် ကိုးကား၍ Myanmar Peace Monitor ၏၂၀၁၄အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ သတ်မှတ်ထားသည့် ၁၆ဖွဲ့နှင့်သာဆွေးနွေးရန်ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီ (UPCC)က မူဝါဒချမှတ်ထားသည်။
အစိုးရတပ်မတော်နှင့်ဖုန် ကြားရှင်ဦးဆောင်သည့် MNDAA တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၉ရက် မှစတင်၍ သံလွင်မြစ်အရှေ့ဘက် ခြမ်းရှိ ကိုးကန့်ဒေသတွင် တိုက်ပွဲ များဖြစ်ပွားနေခဲ့သည်။
http://7daydaily.com/story/32299#.VOqe6cnZGM8

No comments:

Post a Comment