February 23, 2015

လမ်းပြောင်းပြန်နှင့် အန္တရာယ်ဖြစ်စေလောက်အောင် မောင်းသည့် ယာဉ်မောင်းများအား ထောင်ဒဏ်ချမှတ်မည်

လမ်းကြောင်းပြောင်း ပြန်နှင့် အများပြည်သူ အန္တရာယ်ဖြစ်စေလောက်အောင် မောင်းနှင်သည့် ယာဉ်မောင်းကို ထောင်ဒဏ်အထိချမှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယာဉ်ကို အများပြည်သူအန္တရာယ်ဖြစ်လောက်အောင် မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းနှင့် ပတ်သက်၍ ထိ ရောက်စွာ အရေးယူနေသည့်အ တွက် ယာဉ်မောင်းများလိုက်နာ သိရှိနိုင်ရန်  ရန်ကုန်မြို့တွင်း ယာဉ် လိုင်းဂိတ်များတွင် ထိုသို့သတိပေးကြေညာမှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။
စည်းကမ်းမဲ့ယာဉ်မောင်းနှင် မှုအတွက် ထောင်ဒဏ်အထိ  အရေးယူနိုင်မည့် ပြစ်ဒဏ်ကို ၁၉၆၄ မော်တော်ယာဉ်ဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း ယခင်က ယာဉ်မောင်းများ၏ ဘ၀အခက်အခဲကို သက်ညှာသောအားဖြင့် ငွေဒဏ်သာ အများဆုံးချမှတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
‘‘မော်တော်ယာဉ်ဥပဒေအရ ယာဉ်ထိန်းက ထောင်ဒဏ်ထိ အ ရေးယူနိုင်တဲ့ ကျူးလွန်မှုဖြစ်တာ ကြောင့် ယာဉ်မောင်းတွေအနေနဲ့ စည်းကမ်းတကျမောင်းနှင်သင့်ပါ တယ်။ အရေးယူမှုတွေလည်း ထိ ထိရောက်ရောက်လုပ်နေပါပြီ’’ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်လမ်းကြောင်းပြောင်း ပြန်မောင်းနှင်ခြင်းမှာ တစ်လမ်း မောင်းလမ်းများသို့   ဆန့်ကျင်ဘက် ၀င်ရောက်မောင်းနှင်ခြင်းဖြစ်ပြီး အများပြည်သူ အန္တရာယ်ရှိ လောက်အောင် မောင်းနှင်ခြင်းမှာ အသွား အပြန်နှစ်လမ်းမောင်းလမ်းများ တွင် တစ်ဖက်ယာဉ်ကြောသို့ သိသိသာသာဆန့်ကျင်ဘက်ဝင်ရောက် မောင်းနှင်ခြင်းကို ဆိုလိုသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ၀င်း လွင်က ပြောသည်။
ယခုလဆန်းတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်၌ (၄၈) ယာဉ်လိုင်းမှ ကားတစ်စီးသည် အများပြည်သူနှင့် လမ်းသွားလမ်းလာများ အန္တရာယ်ဖြစ်နိုင်လောက် သည့်အနေအထားဖြင့် ဆန့်ကျင် ဘက်လမ်းကြောင်းသို့ ၀င်ရောက် မောင်းနှင်ခဲ့သည့်အတွက် ယာဉ် မောင်းကို ချက်ချင်းဖမ်းဆီးကာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး တရားရုံးသို့ တင်၍ ထောင်ဒဏ် တစ်လပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ယာဉ်လိုင်းများကြား သတိပေးမှု များပြုလုပ်လာခဲ့ကြသည်။
‘‘ယာဉ်ထိန်းရုံးက ညွှန်ကြား တာတော့မဟုတ်ဘူး။ ဥပဒေ ကြောင်းအရ ထောင်ဒဏ်ချမှတ် နိုင်တယ်ဆိုတာပါပြီးသား။ (၄၈) ယာဉ်မောင်းကို အဲဒီအတိုင်း  အရေးယူခဲ့တာကြောင့် ယာဉ်လိုင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သတိပေးမှုတွေ လုပ်လာကြတာပါ’’ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (ဗဟို)ဥက္ကဋ္ဌ ဦး လှအောင်က ပြောသည်။
    ‘‘ပြစ်ဒဏ်က ပြင်းတယ် တော့ မဟုတ်ပါဘူး။ ပြစ်ဒဏ်ဆို တာ ကျူးလွန်သူမှ ခံရတာလေ။ ကိုယ်က စည်းကမ်းတကျမောင်း နေရင် ဘာဖြစ်စရာအကြောင်းရှိ မှာလဲ။ ကျွန်တော်တို့ ဂိတ်ရင်းမှာ လည်း ဒီရက်ပိုင်းကမှ သတိပေး စာကပ်ထားတယ်’’ဟု (၄၃) အထူး ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် တစ်ဦးက ပြောသည်။
ထိုသို့ပြစ်မှုကို ပထမအကြိမ် ကျူးလွန်ပါက မော်တော်ယာဉ်ဥပဒေပုဒ်မ ၂၁ အရ ထောင်ဒဏ်ခြောက်လအထိ ဖြစ်စေ၊ ဒဏ်ငွေကျပ် ၁,၅၀၀ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ပြီး တစ်နှစ်အတွင်း ဒုတိယအကြိမ် ကျူးလွန်ပါက ထောင်ဒဏ်တစ် နှစ်ထိ ချမှတ်နိုင်ကြောင်း သိရ သည်။
http://7daydaily.com/story/32177#.VOqXmsnZGM8

No comments:

Post a Comment