လှိုင်သာယာမြို့နယ် အတွင်း၌ တန်းဖိုးနည်း တိုက်ခန်းပေါင်း (၁၂၀၀)
ပါဝင်သည့် စီမံကိန်း တစ်ရပ်အား ၂၀၁၅ ခုနှစ် အတွင်း ထပ်မံ အကောင်အထည်
ဖော်မည် ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ
သတင်း ရရှိသည်။ အဆိုပါ စီမံကိန်းနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အစိုးရ၏
ခွင့်ပြုချက် ရရှိမှုအပေါ် မူတည်၍ အမြန်ဆုံး ဆောင်ရွက်မည် ဖြစ်ကာ လက်ရှိ
ရောင်းချပေး နေသည့် ရွှေလင်ဗန်း တန်ဖိုးနည်း တိုက်ခန်းများ၏ ဈေးနှုန်း
အတိုင်းသာ သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။
ထပ်တိုး
စီမံကိန်းကို ရွှေလင်ဗန်း အိမ်ရာနဲ့ တစ်ဆက် တစ်စပ်တည်းရှိတဲ့ မြေနေရာ မှာပဲ
ဆောင်ရွက် မှာပါ။ လက်ရှိ အစိုးရ သက်တမ်း အတွင်း အပြီးဆောင်ရွက် သွားမှာပါ
ဟု မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန၊ အိမ်ရာ စီမံကိန်း
(ရန်ကုန်တိုင်း) တာဝန်ခံ ဦးယုခိုင်က ပြောသည်။ ထို့ပြင် အိမ်ရာ
တိုက်ခန်းများ၏ ဆောက်လုပ်မှု ပုံစံနှင့် ပတ်သက်၍ စံချိန်စံညွှန်း
ပြည့်မီစေရေး အတွက် အလေးထား လုပ်ဆောင်မည် ဖြစ်ကာ လေဘေး၊ မီးဘေးနှင့်
သဘာဝဘေး အာမခံထားရှိမှု ကိုပါ တိုက်ခန်း ဈေးနှုန်း အတွင်း ထည့်သွင်း
တွက်ချက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ ကျွန်တော် တို့အနေနဲ့လည်း
ပြည်သူတွေရဲ့ အိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ အတွက် အထက်
အဆင့်ဆင့်ကို တင်ပြ ထားပြီး ဖြစ်သလို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ဖို့
ဆွေးနွေးနေ ပါတယ် ဟု တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး
ဦးနေ၀င်းအောင်က ဆိုသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=31257
No comments:
Post a Comment