လောက်ကိုင်မြို့အနီး တွင် မြန်မာ့တပ်မတော်နှင့် ကိုး
ကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် တပ် မတော်ဘက်မှ
အရာရှိအပါအ၀င် စစ်သည်လေးဦး ထပ်မံကျဆုံး ခဲ့ကြောင်း ပြန်ကြားရေးဝန်
ကြီးဌာနက ဖေဖော်ဝါရီ ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက် က လောက်ကိုင်မြို့အနီး မန် ချူးကျေးရွာအရှေ့တောင်ဘက် လျှိုမြောင်ကြားကြံခင်းအနီး၌ တပ် မတော်စစ်ကြောင်းနှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထို့အတူ ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း လောက်ကိုင်မြို့အ နောက်မြောက်ဘက်တစ်ဝိုက် ၌် တစ်ကြိမ်၊ ချင်းရွှေဟော်နှင့် လုံထန်ကျေးရွာကြားတွင် တစ် ကြိမ်၊ လောက်ကိုင်နှင့် ကုန်းကြမ်း ကြား ၂၃ မိုင်အနီး၌ တစ်ကြိမ် တပ်မတော်စစ်ကြောင်းနှင့် ကိုး ကန့်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်များတွင် ကိုး ကန့်လက်နက်ကိုင်အဖွဲ့ထံမှ အ လောင်းတစ်လောင်း၊ အမ် (၂၂) သေနတ်တစ်လက်၊ တရုတ်လက် ပစ်ဗုံး ငါးလုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ၀တ်စုံ ၁၃ စုံ သိမ်းဆည်းရရှိကာ တပ်မတော်မှ အရာရှိအပါအ၀င် စစ်သည်လေးဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။
ကိုးကန့်ဒေသတိုက်ပွဲများ တစ်လျှောက်တွင် ဖေဖော်ဝါရီ ၂၆ ရက်ထိ တပ်မတော်မှ ၆၄ ဦး ကျဆုံးခဲ့ကာ ကိုးကန့်လက်နက် ကိုင်အဖွဲ့မှ ၈၂ ဦး သေဆုံးခဲ့ ကြောင်း အစိုးရ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။
http://7daydaily.com/story/32636#.VO_hp44YuM9

No comments:
Post a Comment