မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး
အမျိုးသားပညာရေး
ဥပဒေအမြန်ဆုံးပြင်ဆင်ပြဋ္ဌာန်း ပေးရန်နှင့် ပညာရေးသပိတ်စစ် ကြောင်းများအား
ထောက်ခံ ကြောင်း ဆန္ဒပြခဲ့ကြသည့် ကျောက်ဆည်တက္ကသိုလ်ကျောင်းသား များကို
ဥပဒေအရ အမှုဖွင့်အရေး ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့
လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက
ပြောကြားသည်။
ဗိုလ်မှူးကြီး အောင်ကျော် မိုးက ဖေဖော်ဝါရီ ၂၅ ရက်တွင် မီဒီ ယာတွေ့ဆုံပွဲပြုလုပ်ကာ ကျောက် ဆည်မြို့တွင်းနှင့် ကျောက်ဆည် တက္ကသိုလ်တို့၌ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများကို အမှုဖွင့်အရေးယူမည် ဖြစ်ကြောင်း သတိပေးပြောကြား ခြင်း ဖြစ်သည်။
ဆန္ဒပြကျောင်းသားများအား ဥပဒေလိုက်နာရန်နှင့် ဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း သွားရောက်တားမြစ်ပြောကြားခဲ့ သော်လည်း လိုက်နာမှုမရှိခဲ့ဟု ဆိုသည်။ လက်ရှိအချိန်တွင် ဆန္ဒပြ ပွဲဦးဆောင်သည့် ကျောင်းသား များကို အမှုဖွင့်အရေးယူရန် စီစဉ် နေပြီး သက်ဆိုင်ရာကျောက်ဆည် ခရိုင်နှင့် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ မှ အမှုဖွင့်မည်ဖြစ်ကြောင်း ဗိုလ် မှူးကြီး အောင်ကျော်မိုးက ပြော သည်။
‘‘ကျောင်းသားတွေကို ဥပဒေကြောင်းအရ အရေးယူမယ်ဆို တာက ဒါသူတို့ရဲ့ ပညာရေးဥပဒေကို ဆန့်ကျင်လို့ အရေးယူတာ မဟုတ်ဘူး။ သူတို့ရဲ့ ပြစ်မှုကြောင်းအရ ကျူးလွန်တဲ့အတွက်ကြောင့် ပဲ အရေးယူဆောင်ရွက်တာ ဖြစ် ပါတယ်။ ဆန္ဒပြတဲ့သူတွေတိုင်းကို အရေးယူတာမဟုတ်ပါဘူး’’ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ကျောက်ဆည်တက္ကသိုလ်ဆန္ဒပြ ကျောင်းသားများကို အရေးယူ မည့်ကိစ္စနှင့် ပတ်သက်၍ ပြော သည်။ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၀ နာရီကျော်မှ ညနေ ၃ နာရီခန့်အထိ ကျောင်းသား၊ ကျောင်းသူ ၈၀ ခန့်က ကျောက်ဆည်တက္ကသိုလ်တွင်ဆန္ဒပြခဲ့သည်။ကျောက်ဆည်တက္ကသိုလ်တွင်းနှင့် ကျောက်ဆည်မြို့တွင်းရှိ ဗိုလ်ချုပ်ပန်းခြံတို့သို့ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ကျောက်ဆည်ခရိုင်ကျောင်းသားသမဂ္ဂက ဦးဆောင် ကာ မန္တလေးရတနာပုံတက္ကသိုလ်မှ ကျောင်းသားအချို့လည်း ပူးပေါင်းပါဝင်ခဲ့သည်ဟု ဆန္ဒပြပွဲဦးဆောင်သည့် ကျောင်းသားများက ပြောသည်။
‘‘ကျောင်းသားတွေတောင်း ဆိုတာကို အချိန်မဆွဲဖို့နဲ့ အမျိုး သားပညာရေးဥပဒေကို အမြန်ဆုံးပြင်ဆင်ပြဋ္ဌာန်းပေးဖို့ ဖိအားပေး တောင်းဆိုတာပါ။ ပြီးတော့ ပညာ ရေးသပိတ်စစ်ကြောင်းတွေကို ထောက်ခံကြောင်း ဆန္ဒပြခြင်း ဖြစ် ပါတယ်’’ဟု ကျောက်ဆည်တက္က သိုလ် ဆန္ဒပြပွဲဦးဆောင်သည့် ကျောက်ဆည်ခရိုင်ကျောင်းသား သမဂ္ဂတာဝန်ခံ ကျောင်းသားကို အောင်မင်းခန့်က ပြောသည်။
ဆန္ဒပြပွဲတွင် မြို့နယ်ထွေ အုပ်နှင့် နယ်လုံဝန်ကြီးတို့ လာ ရောက်တားမြစ်ခဲ့သည်ဟုလည်း ကျောင်းသားများက ဆိုသည်။ သို့ သော် ယခုကဲ့သို့ အမှုဖွင့်အရေးယူ မည်ဆိုသည့်ကိစ္စမှာ အစိုးရအဖွဲ့ မှ ကျောင်းသားများကို အရေးမယူဟူသော ၎င်းတို့ပေးထားသည့် ကတိကို ချိုးဖောက်ခြင်းဖြစ်သည် ဟု ဆန္ဒပြကျောင်းသားများက ဝေဖန်ပြောကြားသည်။
http://7daydaily.com/story/32649#.VO_fho4YuM8

No comments:
Post a Comment