တပ်ဖွဲ့ဝင်
၁၄ ဦးသာရှိ နေသည့် နမ့်ခမ်းမြို့ ပန်ဆေးနယ် မြေရဲစခန်းအနီးတွင်
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က အင်အား ၁၀၀
ခန့်တပ်စွဲထားသောကြောင့် အစိုးရတပ်မတော်က လက်နက်ကြီးပစ်၍ တားဆီးကာ
လုံခြုံရေးအသင့်စောင့်ေ ကြောင်း သတင်းရရှိသည်။
ပန်ဆေးနယ်မြေ ရဲစခန်း အရှေ့ကိုက် ၃၀၀ ခန့်အကွာတွင် TNLA အင်အား ၁၀၀ ခန့်က တပ် ဆိုင်ထားခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာ ရှိတစ်ဦးက ပြောသည်။ ဖေဖော် ၀ါရီ ၂၅ ရက် နံနက်က ၎င်းတို့ကို စတင်တွေ့ရှိခြင်းဖြစ်ပြီး အစိုးရ တပ်မတော် ခလရ (၁၂၇)က လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့သော်လည်း ထိုနေရာတွင်ပင် တပ်ဆိုင်ထားဆဲဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘ခလရ (၁၂၇) က လက် နက်ကြီးနဲ့ သုံးချက်ပစ်ထားတယ်။ သူတို့ (TNLA) တွေ နေရာယူထား တုန်းပဲ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ပန်ဆေးနယ်မြေရဲစခန်းအနီးသို့ ခလရ (၈၃) ကပါ လုံခြုံရေးယူ ထားကြောင်း သတင်းရရှိသည်။ ပန်ဆေးနယ်မြေရဲစခန်းမှာ နမ့် ခမ်းမြို့နှင့် ၁၅ မိုင်ခန့်သာဝေး သောကြောင့် ဒေသတွင်းလုံခြုံ ရေးအတွက် တပ်မတော်က အသင့်ပြင်ထားခြင်း ဖြစ်နိုင် ကြောင်း နမ့်ခမ်းဒေသခံတစ်ဦးက သုံးသပ်သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပန်ဆေးရွာအနီး ၎င်းတို့ တပ်ဖွဲ့များ ရောက်ရှိနေခြင်း မှာ ဒေသတွင်းဘိန်းခင်းများ ဖျက် ဆီးရန်ဖြစ်ကြောင်း ပြောသည်။ ယခုရက်ပိုင်းအတွင်း နမ့်ခမ်းမြို့ ပန်ဆိုင်းမြို့အပါအ၀င် ရှမ်းပြည် မြောက်ပိုင်းဒေသအများစု၌ အစိုး ရတပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှု မကြာခဏဖြစ်ပွားနေ သည်။
ပန်ဆိုင်းမြို့တွင် လက်နက် ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကုန်တင် ကားတစ်စီးကို ဗုံးခွဲဖျက်ဆီးမှု ဖြစ် ပွားခဲ့ပြီး ကွတ်ခိုင်နှင့် သိန်နီးမြို့ အနီးတွင်လည်း နှစ်ဖက်အပစ် အခတ်မှုများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်။
http://7daydaily.com/story/32663#.VO_cC44YuM8

No comments:
Post a Comment