March 24, 2015

သင်္ကြန်မဏ္ဍပ် (၇၀) ခန့်သာ ခွင့်ပြုမည်

                ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားသူ (၂၀၄)ဦးအထိ ရှိသော်လည်း ရေကစားမဏ္ဍပ် (၇၀)ခန့် သာ ခွင့်ပြုရန် စီစဉ် ထားကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတားဌာန)ထံမှ သိရသည်။ အဆိုပါ မဏ္ဍပ် ဆောက်လုပ်ခွင့် ကန့်သတ်ရခြင်းမှာ ယာဉ်ကြော ပိတ်ဆို့မှုများ၊ မလိုလား အပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် အတွက် ဖြစ်ကြောင်း သိရသည်။
                 မဏ္ဍပ်လျှောက်ထားသူများတဲ့ အတွက် မဲစနစ်နဲ့ပဲ ဆောင်ရွက်မယ်။ မဲမပေါက်တဲ့သူ တွေကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး ဟု YCDC အင်ဂျင်နီယာ (လမ်းနှင့်တံတားဌာန) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပြုရာတွင် မဏ္ဍပ်များအား ရှေ့မျက်နှာ အကျယ် အရှည်ပေ (၁၀၀)  မှ (၁၂၀) ကြား၊ မြေပြင် အမြင့်အား ပေ (၂၀) အထိသာ အကြီးဆုံး ဆောက်လုပ် ခွင့်ပြုမည် ဖြစ်ပြီး၊ ယင်းသတ်မှတ်ချက်ထက် ကျော်လွန်ပါက ဆောက်လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
                ရန်ကုန်၌ သင်္ကြန်မဏ္ဍပ်များ နေရာချ ထားပေးရာတွင် လူစည်ကားသည့် နေရာများ ဖြစ်သည့် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ ပါရမီလမ်း စသည့် မြို့နယ်များတွင် ဆောက်လုပ်ခွင့်ပြု ရန် စီစဉ်ထားကြောင်း သိရသည်။ မဏ္ဍပ်လျှောက်တဲ့ သူကများတော့ အရေအတွက်ကို တိုးပြီးချထားပေး သင့်တယ်။ အခုနောက်ပိုင်းဆို လူငယ်တော်တော် များများက မဏ္ဍပ်ထိုင်တာ များလာတဲ့ အတွက်ပါ ဟု မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားသူ ကိုအောင်လေးက ဆိုသည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် ရန်ကုန် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူ (၁၈၁) ခုရှိ သော်လည်း မဏ္ဍပ် (၉၀) နီးပါးသာ ဆောက်လုပ်ခွင့်ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34155

No comments:

Post a Comment