သာယာဝတီထောင်ကနေ ဖမ်းဆီးထိန်သိမ်းထားတဲ့အထဲက အခုလက်ရှိ
(မြန်မာစံတော်ချိန် နေ့လယ် ၁နာရီ)အချိန်ထိ ကျောင်းသားကျောင်းသူ ၅ဦး
ပြန်လည်လွတ်မြောက် အပြင်ကိုရောက်လာပါပြီ။ ဒီအထဲမှာ ရန်ကုန်အရှေ့ပိုင်း
တက္ကသိုလ်မှာ တတိယနှစ် ကုန်ထုတ်ဓာတုဗေဒ အထူးပြုဘာသာရပ်နဲ့ တက်နေတဲ့
ကျောင်းသူ မရည်မွန်အောင်က သူတို့ကို အောင်မြေဗိမာန် ဘုန်ကြီးကျောင်းထဲ
ဖမ်းဆီးခံရတုန်းက ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်မှုတွေ
ရှိတယ်လို့လည်း ပြန်လည်လွတ်မြောက်လာချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ မနက် ကျောင်းသား ၁၉ ယောက်၊ ကျောင်းသူ ၈ ယောက် ပေါင်း ၂၇ ယောက်
ပြန်လွှတ်ပေးဖို့ မိဘတွေကို အကြောင်းကြားခေါ်ယူခဲ့ပြီး အခုချိန်မှာ ၅
ယောက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေကို
ခံဝန်လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုကြပါတယ်။
http://burmese.dvb.no/archives/85269
No comments:
Post a Comment