မတ် ၁ဝ ရက်က ပဲခူးတိုင်း ဒေသကြီး
လက်ပံတန်းမြို့၌ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြသည့်
သပိတ်စစ်ကြောင်းတွင် သံဃာ ၁ဝပါး ပါဝင်နေသည်ကို တွေ့ရှိ ရသဖြင့် ခေါ်ယူ
စစ်မေးခဲ့သည်။
သံဃာ ၁ဝ ပါးမှာ ဥူးဥတ္တမ ၅၉ နှစ် ၃၉ ဝါ
ဇွဲဇုံကျောင်း မရမ်းကုန်းမြို့နယ် ရန်ကုန် တိုင်းဒေသကြီး (ကျောင်းထိုင်
ဆရာတော်)၊ ဥူးစိန္တိတ ၃၆နှစ် ၁၆ဝါ ရှမ်းစုတိ မနိတိုက် ချမ်းမြ သာစည်မြို့နယ်
မန္တလေးတိုင်း ဒေသကြီး၊ ဥူးအာလောက ၅၂နှစ် ၃၂ဝါ ကျောင်းသစ်ကျောင်း
မအူအလယ်ရွာ ရေစကြိုမြို့နယ် မကွေးတိုင်း ဒေသကြီး (ကျောင်းထိုင်ဆရာတော်)၊
ဥူးနန္ဒသာရ ၂၇ နှစ် ၆ဝါ ကံသာရွာ ထီးလင်းမြို့နယ် မကွေးတိုင်း ဒေသကြီး၊ ဥူးရေ
ဝတ ၂၃နှစ် ၃ ဝါ မှုံပင်ကျောင်းတိုက် တောင်သာ မြို့နယ် မန္တလေးတိုင်း
ဒေသကြီး၊ ဥူးမေတ္တာနန္ဒ ၂၅နှစ် ၄ဝါ ပုဗ္ဗာရုံကျောင်း တောကျေးရွာ
မြင်းခြံမြို့နယ် မန္တလေးတိုင်း ဒေသကြီး၊ ဥူးပညာသီရိ ၂၇နှစ် ၇ ဝါ လောက
မှန်ကင်း အနောက်ကျောင်းတိုက် ပခုက္ကူမြို့ မကွေးတိုင်း ဒေသကြီး၊ ဥူးကောဝိဒ
၃၂ နှစ် ၁ဝ ဝါ အရှေ့ငွေတောင် ကျောင်းတိုက် ချောက်မြို့ မကွေးတိုင်း
ဒေသကြီး၊ ဥူးကဝိန္ဒ ၂၆နှစ် ၅ဝါ မန္တလေးတိုက်(အနောက်တိုက်) ပခုက္ကူမြို့
မကွေးတိုင်း ဒေသကြီးနှင့် ဥူးဇောတိပါလ ၂၃နှစ် ၂ဝါ အနောက်ငွေတောင်
ကျောင်းတိုက် ချောက်မြို့ မကွေးတိုင်း ဒေသကြီးတို့ဖြစ်ကြသည်။
အဆိုပါသံဃာများအား လက်ပံတန်းမြို့နယ်
သံဃနာယက အဖွဲ့နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ
သံဃာများအနေဖြင့် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့မှ ထုတ်ပြန်ထားသော
ညွှန်ကြားလွှာ အမှတ် (၈၃)ပါ ညွှန်ကြားချက်များ၊ မတ် ၃ရက်တွင် ထုတ်ပြန်သည့်
ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့ ဂိုဏ်းပေါင်းစုံ၏ မေတ္တာရပ်ခံချက်၊ မတ်
၎ရက်တွင် ထုတ်ပြန်သည့် ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း) သံဃနာယကအဖွဲ့
ဂိုဏ်းပေါင်းစုံနှင့် ၎င်းနေ့တွင် ထုတ်ပြန်သည့် လက်ပံတန်းမြို့နယ်
သံဃနာယကအဖွဲ့ ဂိုဏ်းပေါင်းစုံတို့၏ မေတ္တာရပ်ခံချက်များဖြင့် တားမြစ်အသိပေး
ခဲ့သော်လည်း သပိတ်စစ်ကြောင်း၌ ကျောင်း သားများ ဘက်မှ ပါဝင် ဆောင်ရွက်ခဲ့
မှုများသည် စေတနာအမှားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရဟန်း
သံဃာတော်များနှင့် မအပ်စပ်သော ပါတီနိုင်ငံ ရေးများ၊ လူမှုရေးရာကိစ္စများနှင့်
ယခုကဲ့သို့ ကျောင်းသား သပိတ်များအပေါ် နောင်အခါ ပါဝင်ပတ်သက်မှု
မပြုလုပ်တော့ပါကြောင်း၊ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့မှထုတ် ပြန်ထားသော
ညွှန်ကြားလွှာများနှင့်အညီ ဂန္ထဓုရ၊ ဝိပဿနာဓုရနှစ်ဖြာအား ကျင့်ကြံ
ကြိုးစားပွား များအားထုတ်မည်ဖြစ်ကြောင်း ဆရာတော်များ၏ ရှေ့မှောက်၌ ဝန်ခံ
ကတိပြုခဲ့ကြောင်း၊ နောက်နောင် ကျောင်းသားသပိတ် စသည့်နိုင်ငံရေး
ကိစ္စများတွင် ရဟန်းသံဃာ တော်များနှင့် မအပ်စပ်သည့် ယခုကဲ့ သို့
ကျောင်းသားသပိတ်၌ ပါဝင်ခြင်းများ အပေါ် မေတ္တာရှေ့ထား၍ ခွင့်လွှတ်သည်းခံ
ပေးတော်မူပါရန် လျှောက်ထား ခဲ့ကြကြောင်း သိရသည်။
သို့ဖြစ်၍ အဆိုပါ သံဃာ ၁ဝပါးတို့အား
ဒေသအသီးသီးရှိ သီတင်းသုံးသည့် ကျောင်းများသို့ ယနေ့နံနက်ပိုင်း မှစ၍
ပြန်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း
ရရှိသည်။ http://myawady.net.mm/allnews/headline/item/62034-2015-03-12-10-17-49
No comments:
Post a Comment