မီဒီယာလောကတွင် ဖြစ်ပေါ် နေသော ပြဿနာ များအား ဖြေရှင်း
ဆောင်ရွက်ပေးနိုင်ရန် အတွက် နိုင်ငံ တစ်ဝှမ်းရှိ ရှေ့နေများနှင့် ချိတ်ဆက်
ကာ ဧပြီလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံ မီဒီယာရှေ့နေများ ကွန်ရက် (MMLN)
ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ဥပဒေ ပညာရှင်၊ တရား လွှတ်တော်ရှေနေ
ဦးအောင်စိုးဦးက The Messenger Media သို့ ပြောသည်။
ကျွန်တော်တို့ ဒီကွန်ရက်ကို ဖွဲ့စည်းတယ် ဆိုတာက အဓိကကတော့ မီဒီယာလောကက
ပြဿနာတွေ၊ အမှုအခင်းတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ဖွဲ့စည်း ဆောင်ရွက်
တာပါ ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါ ရှေ့နေများ ကွန်ရက် ဖွဲ့စည်းရာတွင် ဒေသ
အသီးသီးရှိ ဥပဒေ ပညာရှင်များ၊ မီဒီယာ ပြဿနာ များကို ဖြေရှင်းနေသော
ရှေ့နေများလည်း ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မီဒီယာရှေ့နေများ ကွန်ရက် အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့် ကို မြန်မာနိုင်ငံတွင် ထွန်းကားစေရန် ရည်ရွယ်၍ ဖွဲ့စည်း
ရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မီဒီယာ၏ သဘောတရားများ၊ မီဒီယာ
ဥပဒေနှင့် သက်ဆိုင်သော ပို့ချချက်များ ကိုလည်း မီဒီယာ ရှေ့နေ များကွန်ရက်မှ
ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ
မီဒီယာရှေ့နေများ ကွန်ရက်ကို ဖွဲ့စည်းရာတွင် နိုင်ငံတကာအဆင့် အဖြစ်
တရားဝင် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကာ ဧပြီလ (၁) ရက်နေ့
Orchid Hotel ၌ လုပ်ငန်းစဉ်များ၊ မူဝါဒများကို ချမှတ် သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ မီဒီယာ ရှေ့နေများ ကွန်ရက် ဖွဲ့စည်း ရာတွင် မီဒီယာလောကမှ
ပညာရှင် များလည်း ပူးပေါင်းပါဝင် နိုင်ပြီး၊ အကြံဉာဏ် များလည်း
ပေးပို့နိုင်ကြောင်း ဦးအောင်စိုးဦးက ပြောသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34189
No comments:
Post a Comment