March 24, 2015

တပ်မတော်နေ့တွင် ချီတက်မည့် စစ်ကြောင်းများကို ဂုဏ်ပြုပန်းစည်းကမ်းလိုသူများ စာရင်း စတင် လက်ခံ

မတ်လ ၂၇ ရက်တွင် ကျရောက်မည် နှစ် ၇၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ချီတက်မည့် စစ်ကြောင်းများကို ဂုဏ်ပြုပန်းစည်းကမ်းလိုသူများအနေဖြင့် နေပြည်တော်တိုင်း ပင်မစစ်ဌာနချုပ် လုံခြုံရေး ဆပ်ကော်မတီတွင် စာရင်းပေးသွင်းနိုင်ပြီဟု နေပြည်တော် စစ်ဌာနချုပ် လုံခြုံရေးဆပ်ကော်မတီ ဗိုလ်ကြီးချမ်းပြည့်ဖြိုးက မဇ္ဈိမကိုပြောသည်။
ဗိုလ်ကြီးချမ်းပြည့်ဖြိုးက “ နှစ်ရက်လုပ်ပေးမှာပါ။ လူဦးရေ ကန့်သတ်ထားတာမရှိပါဘူး။ ဒါပေမယ့် လုံခြုံရေး ဝင်ခွင့်ကတ်ပြားလိုပါတယ်။ ဒီနေ့ စလုပ်ပေးနေပါပြီ။ လူကိုယ်တိုင်လာရောက်လုပ်ရမှာပါ။ ”ဟု မတ် ၂၄ ရက်တွင် ပြောသည်။
စစ်ရေးပြအခမ်းအနားကို နေပြည်တော်တွင်ကျင်းပမည် ဖြစ်ပြီး စစ်ကြောင်းကြီးများသည် တန်းစီကွင်း (သစ်တပ်)မှ စစ်ရေးပြကွင်း အထိ ချီတက်မည်ဖြစ်သည်။
စစ်ကြောင်းများကို ဂုဏ်ပြုပန်းစီး ကမ်းလိုသူများအနေဖြင့် လုံခြုံရေးဝင်ခွင့်ကဒ်များ ရှိရန်လိုအပ်ပြီး ယင်းကတ်များကို မတ်လ ၂၄  ရက်နှင့် ၂၅ ရက်တွင် နိုင်ငံသာစီစစ်ရေးကဒ်ပြား(မူရင်း) ကာလာလိုင်စင် ဓါတ်ပုံ(၂ )ပုံ နှင့်အတူ  လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည် ဖြစ်သည်။
လူဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ အသက် ၁၂ နှစ်အောက် ကလေးငယ်များခေါ်ဆောင်လာခြင်း၊ မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အဝတ်အစားများ ဝတ်ဆင်လာခြင်း၊ ပခုံးထမ်းကင်မရာများ၊ ကင်မရာများ၊ လုံခြုံရေးအရ ခွင့်မပြုသည့် ပစ္စည်းများကို ယူဆောင်လာခြင်းမပြုရဟု ၎င်းးကဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/41852-2015-03-24-05-18-12

1 comment:

  1. How to make money off gambling with no deposit
    Make money online gambling with no deposit. The easiest way is to do so at a gambling site and choegocasino then use the free money to play 메리트 카지노 주소 slots. There หารายได้เสริม are a few

    ReplyDelete