March 10, 2015

မန္တလေးတိုင်းဒေသကြီးတွင် မိုဘိုင်းဆက်သွယ်ရေးစခန်း ခြောက်ဆကျော်တိုးလာ

မန္တလေးတိုင်းဒေသကြီး အတွင်း မိုဘိုင်းဆက်သွယ်ရေး စခန်းပေါင်း  ယခင်ကထက် ခြောက်ဆကျော်တိုးတက်လာခဲ့ ပြီးဖြစ်ကြောင်း  ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာနမှ သတင်းထုတ် ပြန်သည်။
 မန္တလေးတိုင်းဒေသကြီး၌ အစိုးရသစ်မတက်မီကာလက မိုဘိုင်းစခန်း ၁၆၅ ခုသာရှိသော် လည်း လက်ရှိလုပ်ကိုင်နေသည့် ဆက်သွယ်ရေးအော်ပရေတာ သုံးခု၏  တိုးချဲ့ဖွင့်လှစ်မှုကြောင့် လက်ရှိတွင် ဆက်သွယ်ရေးမိုဘိုင်းစခန်း ၁၀၇၅ ခုရှိလာပြီဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။
သတင်းထုတ်ပြန်ချက်အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်း ၆၀၇ ခု၊ အူရီးဒူး မြန်မာမှစခန်း ၁၇၁ ခုနှင့် တယ်လီ နောမြန်မာမှ စခန်း ၂၉၇ ခုကို တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆက်လက်၍လည်း လာမည့်နှစ်များအတွင်း ဆက် သွယ်ရေးမိုဘိုင်းစခန်း ၆၅၀ကျော် တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန် ကြီးဌာနသည် မန္တလေးတိုင်းဒေသ ကြီးအတွင်း နေထိုင်သည့် ပြည်သူ များထံသို့ ဆက်သွယ်ရေးဆင်းမ် ကတ်အရေအတွက် ချထားမှုကို အသေးစိတ်သတင်းထုတ်ပြန်မှု မရှိသော်လည်း ဆက်သွယ်ရေး အော်ပရေတာသုံးခုက တစ်နိုင်ငံ လုံးသို့ ဆင်းမ်ကတ်ပေါင်း ၂၃ သန်းကျော်ရောင်းချထားပြီဟု သတင်းထုတ်ပြန်ထားသည်။

ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်းထားသည့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိုဘိုင်း ဆင်းမ်ကတ် ၁၆ ဒသမ ၅ သန်း ကျော်၊ တယ်လီနောမြန်မာက ၃ ဒသမ ၅ သန်းကျော်ချထားပေး ပြီးဖြစ်သည်။ အူရီးဒူးမြန်မာသည် ၂၀၁၄ အောက်တိုဘာနောက်ပိုင်း မှစ၍ လက်ရှိအချိန်အထိ ၎င်းတို့ ၏ ဆင်းမ်ကတ်ချထားပေးမှုအ ရေအတွက်ကို ထုတ်ဖော်ကြေညာ ခြင်းမရှိတော့ပေ။ အူရီးဒူးမြန်မာ ၏ နောက်ဆုံးသတင်းထုတ်ပြန်မှု အရ ဈေးကွက်အတွင်းသို့ဖြန့်ချိသည့် ဆင်းမ်ကတ်အရေအတွက်မှာ ၁ ဒသမ ၅ သန်းကျော်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် တစ်နိုင်ငံလုံးသို့ ကွန် ရက်ဖြန့်ကြက်ထားပြီး လစဉ် မို ဘိုင်းဆင်းမ်ကတ် တစ်သန်းကျော် ချထားပေးနေကြောင်း အဆိုပါ လုပ်ငန်း၏ စီးပွားရေးဌာနဒါရိုက် တာ ဦးစောထူးသာကပြောသည်။ တယ်လီနောမြန်မာအနေဖြင့် ၎င်း တို့၏ ကွန်ရက်ရှိသော နေရာနှင့် ဖြန့်ကြက်မည့်  နေရာများသို့ ဆင်းမ်ကတ်လစဉ် ၁ ဒသမ ၅ သန်းချထားပေးသွားမည်ဟု စီအီး အိုမစ္စတာ ပီတာဖာဘတ်က ပြောကြားထားသည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်တွင် နိုင်ငံတော်၏ တယ်လီဖုန်းသိပ်သည်းဆကို ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ရန် မျှော်မှန်းထားပြီး လက်ရှိတွင် ၄၅ ဒသမ၄၂ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဟု ဖေဖော်ဝါရီ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
http://7daydaily.com/story/33418#.VP5rYY4YuM8

No comments:

Post a Comment