၂၀၁၃
ဇွန်လတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်က
သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံနေသော ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ
(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)
ဗြိတိန်နိုင်ငံ၏၀န်ကြီးချုပ်ဟောင်း
လေဘာပါတီ၏ နိုင်ငံရေးသမား တိုနီဘလဲက ဗြိတိန်စတာလင် ပေါင်း ၁၀၆,၀၀၀ကို သူ၏
ပါတီ ဖြစ်သော လေဘာပါတီသို့ ယခု အပတ်မှာ လှူဒါန်းခဲ့သည်။ ထို
အထဲမှ စတာလင်ပေါင်တစ် ထောင်စီကို ဗြိတိန်လာမည့်ရွေး ကောက်ပွဲမှာ လေဘာပါတီအ တွက် ယှဉ်ပြိုင်ရွေးခံမည့်ပါတီ ကိုယ်စားလှယ်တစ်ဦးစီအတွက် အသုံးပြုသွားမည်ဖြစ်သည်။
လေဘာပါတီခေါင်းဆောင် အက်ဒ်မီလီဘန်ဒ်(Ed Miliband) မှာအဆိုပါငွေများကို လက်ခံရန် အတွက် ဝေဖန်မှုများကြုံနေရပါ သည်။ အဘယ့်ကြောင့်ဆိုသော် တိုနီဘလဲသည် ကာဂျစ်စတန်ကဲ့ သို့ အာဏာရှင်နိုင်ငံများနှင့် တိုနီ ဘလဲ၏ ပတ်သက်ဆောင်ရွက်နေ မှုများကြောင့် ထိုငွေများကို မသန့် ရှင်းသော သွေးစွန်းသောငွေများ ဟု ဝေဖန်နေကြ၍ ဖြစ်ပါသည်။
ထို့အပြင် လေဘာပါတီ ခေါင်းဆောင်ဟောင်း တိုနီဘလဲ သည် ကမ္ဘာပေါ်မှာလူ့အခွင့်အ ရေးနှင့်ပတ်သက်လာလျှင်အဆိုး ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အလုပ်များနေသည် ဆိုသည့်သတင်းများ ကြားနေရ သည်။ အနည်းဆုံးစတာလင် ပေါင် သန်းတစ်ရာလောက်ချမ်း သာသည်ဟု မျှော်မှန်းထားသည့် တိုနီဘလဲကို မြန်မာနိုင်ငံ၏ မြို့ တော်နေပြည်တော်၌ ညစာစား နေသည်ကိုတွေ့ရှိခဲ့ရသည်ဟု လည်း စုံစမ်းသိရသည်။
သတင်းစာဆရာတစ်ဦးက ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘ လဲ နေပြည်တော်မှာဘာလုပ်နေ လဲစုံစမ်းကြည့်ရာသူသည် မြန်မာ ပြည်မှာ ကိုယ်ရေးကိုယ်တာသီး သန့်တွေ့ဆုံဆွေးနွေးမှုအတွက် ရောက်နေခြင်းဟုဆိုသည်။
သို့သော်လည်း ဗြိတိန်ဝန် ကြီးချုပ်ဟောင်းတိုနီဘလဲ မြန်မာ နိုင်ငံမှာဘာတွေလုပ်နေသလဲဆိုတာကို အတိအကျမသိရသေးပါ။ ဗြိတိန်အခြေစိုက်ဘားမားကမ် ပိန်းယူကေက ညွှန်ကြားရေးမှူး မက်ဖာမာနာကတော့ တိုနီဘလဲ သည် မြန်မာသမ္မတဦးသိန်းစိန်ကို အကြံပေး လုပ်ကိုင်နေသည်ဟု ထင်သည်။ ထို့ကြောင့် သူက တိုနီဘလဲရုံးကို စာအကြိမ် ၂၀ခန့် ရေးသားပြီးသမ္မတဦးသိန်းစိန်အ တွက် သူဘာတွေလုပ်ကိုင်ပေးလဲ ဆိုသည်ကို သိရအောင်ကြိုးစားခဲ့ သည်ဟု မီဒီယာကိုပြောကြားခဲ့ သည်။
‘‘တိုနီဘလဲက သူဘာတွေ လုပ်နေသလဲဆိုတာ အတိအ လင်းပြောဖို့ ငြင်းဆိုခဲ့တဲ့အတွက် သမ္မတဦးသိန်းစိန်ကို နိုင်ငံတကာ နဲ့ ဆက်ဆံဖို့ အကြံပေးနေတာ တွေလုပ်နေမယ်လို့ပဲ ကျွန်တော် ယူဆပါတယ်’’ဟု မက်ဖာမာနာ ကဆိုသည်။
တိုနီဘလဲသည် ၁၉၉၇ မှ ၂၀၀၇ အထိ ဗြိတိန်နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး လက်ရှိတွင် အတိုင် ပင်ခံလုပ်ငန်းနှင့် ဘလဲယာဖောင် ဒေးရှင်းထောင်ပြီး လူမှုကူညီရေး လုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိ ပါသည်။
The Spectator တွင်ရေးသားထား သည့် Tony Blair Spotted fine dining in Burma Following his's ‘Blood Money’ Labour Donationကို ထားထားမြင့်မှ ဘာသာပြန်ဆိုထားသည်။
http://7daydaily.com/story/33453#.VP5pvo4YuM9

No comments:
Post a Comment