March 3, 2015

ကိုးကန့်လက်နက်ကိုင်များ တပ်စွဲထားသည့် တောင်ကုန်းကို တပ်မတော် သိမ်းပိုက်နိုင်

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင်အနီး ကိုးကန့် လက်နက်ကိုင်များတပ်စွဲထား သည့် တောင်ကုန်းတစ်ခုကို မတ်လ ၂ ရက် ညနေက တပ် မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်သည်။
တာရွှေထန်ဒေသနှင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းမှ   မီတာ ခြောက်ထောင်ခန့် အကွာအဝေးတွင် ရှိသော ကြွယ်ပါးရွာအနီး တောင် ကုန်းတစ်ခုကို တပ်မတော်က လက်နက်ကြီးအကူဖြင့် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု သတင်းထုတ် ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါတိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှုများရှိခဲ့ပြီး တပ်မတော် ဘက်မှ အရာရှိစစ်သည် သုံးဦး ကျဆုံးခဲ့ကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ သည့် ကိုးကန့်လက်နက်ကိုင်တပ် ဖွဲ့မှ အလောင်း ငါးလောင်းနှင့် လက်နက်ငယ်မျိုးစုံ ခုနစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။
တပ်မတော်စစ်ကြောင်းများ ၏ ထိုးစစ်ဆင်မှုကြောင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များ ဆုတ် ခွာနေပြီး ယခုသိမ်းပိုက်နိုင်သည့် တောင်ကုန်းမှာ စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းဖြစ် သည်ဟု ဆိုသည်။
မတ်လ ၁ ရက်ကလည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့များ အခြေပြုထားသည့် တောင်ကုန်း ခြောက်ခုကို တပ်မတော်က သိမ်း ပိုက်နိုင်ခဲ့ပြီး လောက်ကိုင်- ကုန်း ကြမ်းဆက်သွယ်ရေးလမ်းကြောင်း ကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ထား သည်။
ဖေဖော်ဝါရီ ၉ ရက်မှစတင် ခဲ့သော တပ်မတော်နှင့် ဖုန်ကြား ရှင်၏ ကိုးကန့်လက်နက်ကိုင် အဖွဲ့များကြား ကိုးကန့်ဒေသ တိုက်ပွဲများတစ်လျှောက် မတ် လ ၁ ရက်အထိ တပ်မတော်မှ ၇၁ ဦးကျဆုံးခဲ့ကာ ကိုးကန့်လက် နက်ကိုင်အဖွဲ့မှ ၉၀ ဦးသေဆုံးခဲ့ ကြောင်း အစိုးရ၏ သတင်းထုတ် ပြန်ချက်များအရသိရသည်။
http://7daydaily.com/story/32932#.VPU0G44YuM8

No comments:

Post a Comment