ကိုးကန့်ဒေသစစ်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်အချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ−အောင်ခိုင်)
ကိုးကန့်လောက်ကိုင်
ဒေသတွင် တိုက်ပွဲများကြောင့်ရပ် နားထားရသော ကာကွယ်ဆေးထိုး၊
ဆေးတိုက်ခြင်းလုပ်ငန်းများ ကို ချက်ချင်းပြန်လည်ဆောင်ရွက် ကြရန်
WHO(ကမ္ဘာ့ကျန်းမာရေး အဖွဲ့)နှင့် Unicef(ကုလသမဂ္ဂက
လေးများရန်ပုံငွေအဖွဲ့)တို့က တိုက်တွန်းပြောကြားသည်။
ကိုးကန့်ဒေသတွင် ပဋိပက္ခမဖြစ်ပွားမီ၌ ရွာပေါင်း ၁၃၄ရွာ ရှိသည့်အနက် ရွာပေါင်း ၁၂၃ရွာ၊ မြို့ပြရပ်ကွက်သုံးခုအနက် ရပ်ကွက်နှစ်ခုတွင်ကာကွယ် ဆေးထိုးနိုင်ခဲ့သော်လည်း တိုက်ပွဲများဖြစ် ပွားလျက်ရှိသည့် လောက်ကိုင်မြို့မှ ကျေးရွာ ၁၁ရွာတွင် ကာကွယ်ဆေးထိုးရန်ကျန်နေသေးသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ Global Vaccine Alliance(GAVI)၊ Unicef၊ WHOတို့၏ ကူညီပံ့ပိုးမှု ဖြင့် ယခုနှစ်ဇန်န၀ါရီမှစ၍ မြန်မာ တစ်နိုင်ငံလုံးရှိ ကလေးသူငယ် ၁၇သန်းအား ၀က်သက်နှင့်ဂျိုက် သိုးရောဂါကာကွယ်ဆေးထိုးလုပ် ငန်းများ လုပ်ဆောင်ခဲ့ရာ တစ်နိုင် ငံလုံးအတိုင်းအတာအနေဖြင့် ၉၅ ရာခိုင်နှုန်းခန့်အထိ အောင်မြင်ခဲ့ သော်လည်း ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် ကာကွယ် ဆေးထိုးရန် ကျေးရွာများကျန်ရှိ နေသေးကြောင်း ကျန်းမာရေးဦး စီးဌာနက အတည်ပြုပြောကြား ထားသည်။
မကြာသေးမီက လောက်ကိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ တိုက်ပွဲများ ကြောင့် ပြည်သူများနေအိမ်များ စွန့်ခွာထွက်ပြေးရပြီးကျန်းမာရေး ဌာနများလည်း ပိတ်ခဲ့ရသည်။ကာ ကွယ်ဆေးထိုးလုပ်ငန်းအတွက် မရှိမဖြစ်အရေးပါသည့် ကျန်းမာ ရေးဝန်ထမ်းများနှင့် ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကိုအနှောင့် အယှက်အဟန့်အတားဖြစ်ပေါ်ခဲ့ ကြောင်း WHOမှ မြန်မာနိုင်ငံဆိုင် ရာဌာနေကိုယ်စားလှယ်ဒေါက် တာ Jorge Lunaကပြောသည်။
‘‘ကလေးငယ်တွေအပေါ် ဘေးကင်းဖို့ ၀က်သက်နဲ့ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးတဲ့ အပေါ် မြန်မာပြည်က ၀န်ထမ်း တွေရဲ့ဆောင်ရွက်မှုတွေက အား ရစရာပါပဲ။ ဒါပေမဲ့ နိုင်ငံရဲ့နေရာ အနှံ့မှာရှိတဲ့ကလေးတိုင်းကို ကာ ကွယ်ဆေးထိုးပေးနိုင်မှ ရာနှုန်း ပြည့်အောင်မြင်တယ်လို့ပြောလို့ ရမှာပါ’’ဟု ၎င်းကဆက်ပြော သည်။ ကမ္ဘာ့နေရာ အများအပြား၌ ကာကွယ်ဆေးထိုးဆေးတိုက်လုပ် ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် တိုက် ပွဲဖြစ်ပွားနေသည့် နှစ်ဖက်စလုံး ယာယီအပစ်အခတ်ရပ်စဲရန် သ ဘောတူညီသည်ဟုUnicef၏မြန် မာနိုင်ငံ ကိုယ်စားလှယ်မစ္စတာ ဘက်ထရန်ဗိန်းဗဲလ်က ပြော သည်။
‘‘တစ်ဖက်နဲ့တစ်ဖက် စစ် ဖြစ်နေပေမယ့် ရောဂါပိုးမွှားဆို တာနေရာနယ်စပ်မရွေး၊ လူမျိုးမ ရွှေးခွဲခြားမှုမရှိဘဲ ကူးစက်နေပါ တယ်။ လောက်ကိုင်ဒေသမှာကာ ကွယ်ဆေးထိုးအဖွဲ့တွေလုပ်ငန်း ပြန်လည်ဆောင်ရွက်ဖို့အခြေအ နေတွေဖြစ်နိုင်သမျှအမြန်ဆုံးပြန် လည်တည်ဆောက်ယူရပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူ ငယ်တိုင်းကို လူမျိုး၊ နေရာ၊လူမှု ရေး အခြေအနေခွဲခြားမှုမရှိဘဲဝက်သက်နဲ့ ဂျိုက်သိုးရောဂါဖြစ်ပွားမှုကနေ ကာကွယ်ဖို့ ကာကွယ်ဆေး ထိုးနှံပေးသွားရပါမယ်’’ ဟု ၎င်းကပြောသည်။
ကျန်းမာရေးဝန်ထမ်းများမ သွားရောက်နိုင်သည်နေရာများ နှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် ဒေသများတွင် ဒေသခံကျန်းမာ ရေးဝန်ထမ်းများနှင့် ညှိနှိုင်း၍ဆေး ထိုးရန်စီစဉ်ခဲ့သော်လည်း တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားနေသည့် အတွက် အလုပ်မဖြစ်ခဲ့ပေ။ ကာ ကွယ်ဆေးထိုးစဉ်က ၎င်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင်ဒေသ ခံများအားကာကွယ်ဆေးထိုးပေး နိုင်ရန် သင်တန်းများပေးရန်စီစဉ် ခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်း ရေးဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင်အ သက်ငါးလမှစ၍ (၁၅)နှစ်အထိ ကလေးသူငယ်များအားလုံးကို ၀က်သက်နှင့် ဂျိုက်သိုးရောဂါကာ ကွယ်ဆေးထိုးရန် ၁ဒသ မ၅မီလီယံအကုန်အကျခံ၍ ဆောင်ရွက်ခဲ့ သည်။
http://7daydaily.com/story/32951#.VPUzyI4YuM8

No comments:
Post a Comment