ကိုးကန့်ဒေသတွင်
အခြေစိုက်ထားသောဖုန်ကြားရှင် ဦးဆောင်သည့်
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မှ တပ်ဖွဲ့ဝင်များကို မတ်လ ၁၀ရက်က
တွေ့ရစဉ် (Reuters)
မတ်လ ၁၃ ရက်တွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ကြံစိုက်ခင်းတစ်ခု၌
ကောင်းကင်က မှ ဗုံးများ ကျလာပြီး တရုတ်လူမျိုးငါးဦးသေဆုံးကာ မထင်မှတ်ဘဲ
စစ်မြေပြင်ဖြစ်သွားခဲ့ရသည်။ နှစ်ရက်အကြာတွင် တရုတ် ၀န်ကြီးချုပ် လီကီကျန်းက
ထိုသေဆုံးမှုများအတွက် တရုတ်နယ်စပ်၌ ကိုးကန့်တပ်ဖွဲ့များကို လေ ကြောင်းမှ
တိုက်ခိုက်နေသော မြန်မာစစ်တပ်အား အပြစ်တင်ခဲ့ ပါသည်။
‘‘တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အခိုင်အမာအစောင့်အရှောက် ထားဖို့ ကျွန်တော်တို့မှာ စွမ်း ဆောင်နိုင်စွမ်းနဲ့ တာဝန်ရှိပါ တယ်’’ဟု သတင်းစာရှင်းလင်းပွဲ တွင် ၎င်းကပြောကြားခဲ့သည်။ ထို့ အပြင် ‘‘ယူနန်ပြည်နယ်မှာ ဖြစ်ခဲ့ တဲ့ ထိုအဖြစ်အပျက်ဟာတကယ့် ကို ကံဆိုးတဲ့ အဖြစ်ပါပဲ’’ဟု သူကဆိုသည်။
မြန်မာအစိုးရကတော့ သည် အဖြစ်အပျက်က မြန်မာ၏ ပိုင် နက်ထဲမှာ ဆောင်ရွက်သော စစ် ဆင်ရေးဖြစ်ကြောင်း၊ မြန်မာနှင့် တရုတ်အကြားက ခင်မင်ရင်းနှီး သော ဆက်ဆံရေးနှင့် တရုတ်၏ နယ်မြေပိုင်ဆိုင်မှုကို မြန်မာက လေးစားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ နယ်စပ်ဒေသ မှာ နေထိုင်ကြသော တရုတ်လူ မျိုးများ သေကျေဒဏ်ရာရခဲ့သည့် အတွက်လည်း အလွန်ဝမ်းနည်း ကြေကွဲကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းသည့်အဖွဲ့က သေဆုံးမှု များနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးမှုများ လုပ်သွားမည်ဟု ဖြစ်ကြောင်း မြန်မာဘက်က ဆိုပါ သည်။ ထို့အပြင် ကိုးကန့်တပ်ဖွဲ့ များသည် ထိုတိုက်ခိုက်မှုများတွင် ပတ်သက်နေပြီး နယ်စပ်ဒေသ တစ်လျှောက် မတည်ငြိမ်အောင် ဖန်တီးလုပ်ဆောင်ခြင်းဖြင့် မြန်မာနှင့် တရုတ်အစိုးရ၏ ရင်းနှီးမှုကို ပျက်ပြားအောင် လုပ်ဆောင်နေ သလားဟုလည်း မြန်မာအစိုးရ ဘက်က မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်သည့် တရုတ်အစိုးရက ကျောက်စိမ်း၊ သဘာဝဓာတ်ငွေ့၊ သစ်များလို မြန်မာနိုင်ငံက တရုတ်နိုင်ငံကဲ့သို့ ၀င်နေသည့် သယံဇာတများ စီး ဆင်းရာလမ်းကြောင်းမှာ ထိုကဲ့သို့တင်းမာမှုများဖြစ်ပွားနေသည်ကို မည်သို့မှ မကျေနပ်နိုင်။ တိုက်ပွဲ များက သူ၏ နယ်စပ်ကို ကျော်မ လာသော်လည်း မြန်မာစစ်တပ် က တိုင်းရင်းသားလက်နက်ကိုင် များကို တိုက်ခိုက်တိုင်း သူတို့က တရုတ်ဆီသို့ စုရုံးရောက်ရှိလာ ကြသည်။
၂၀၁၁ မှာ အာဏာရလာခဲ့ သော မြန်မာအရပ်သားအစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးကို ကတိပြုနေသော်လည်း တိုက်ပွဲများက ဆက်ဖြစ်နေတုန်း ပင်။ လတ်တလောဖြစ်ပွားသည့် တိုက်ပွဲများတွင် ကိုးကန့်၊ ကချင်၊ ရှမ်း၊ ပလောင်နှင့် အခြားတိုင်း ရင်းသားအုပ်စုများ ပါဝင်ပတ် သက်နေ၏။ ကိုးကန့်တို့သည် နယ်စပ်မှ ကျော်ဖြတ်နေထိုင်ကြသည့် တရုတ်တိုင်းရင်းသားလူမျိုးများ ဖြစ်သည့်။ ဘိန်းဖြူစိုက်ရာ ဒေသ ရှိ ထိုလူမျိုးများမှာ တစ်ချိန်က ကူ မင်တန်(ခေါ်) တရုတ်ဖြူများနှင့် မဟာမိတ်ဖွဲ့ခဲ့သူများဖြစ်သည်။ အခြား ကိုးကန့်ဒေသခံများမှာ လည်း မြန်မာပြည်မှ အခြားတိုင်း ရင်းသားလက်နက်ကိုင်များကဲ့သို့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဆီက ငွေကြေးနှင့် နည်းပညာအကူအညီများကို ရခဲ့သည်။
ယနေ့အချိန်မှာ တရုတ် အစိုးရက မြန်မာနိုင်ငံရှိ သူပုန် အုပ်စုတွေကို ပြောင်ပြောင်တင်း တင်းထောက်ခံခြင်းမရှိတော့ပါ။ သို့သော်ကီလိုမီတာ ၂၀၀ ရှည် လျားသော တရုတ်-မြန်မာနယ် စပ်တစ်လျှောက်မှာတော့ တရုတ် ဘက်က စီးဝင်မှုတွေရှိနေဆဲဖြစ် သည်။ မြန်မာနိုင်ငံမှာ တိုက်ပွဲ တွေဖြစ်ပွားလျှင် တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များက အခြား တိုင်းရင်းသားလူနည်းစုတွေ နေ ထိုင်ရာဖြစ်သည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့သာ ထွက်ပြေး ကြစမြဲဖြစ်သည်။ အခြားဘက်ကို ပြေးသည်ထက် တရုတ်နိုင်ငံ ဘက်ကို ပြေးသည်က သိသိသာ သာပိုများသည်။ နယ်စပ်ကိုကျော် ပြီး မြန်မာဘက်ကို ရောက်နေကြ သည့် ထောင်သောင်းချီသည့် တရုတ်လူမျိုးများကလည်း သယံ ဇာတများကို ရယူတူးဖော်ကြရန် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြောက် ပိုင်းနေရာများတွင် တရုတ်ငွေ ကြေးကို လက်ခံသုံးစွဲနေပြီး စတိုး ဆိုင်များမှာ တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်တွေကို ချိတ်ဆွဲထား ကြသည်။
တရုတ် လူမျိုးများသည် မတည်ငြိမ်သော သည်လိုအရပ် ဒေသမျိုးမှာ စီးပွားရေးလုပ်ကိုင် ရင်းနှီးမြှုပ်နှံရဲသူများ ဖြစ်သော် လည်း မြန်မာနိုင်ငံမြောက်ပိုင်း၌ တရုတ်လူမျိုး စီးပွားရေး သမားများ၏ သြဇာလွှမ်းမိုးတွင် ကျယ်လာမှုများကို ဒေသခံများကမကြိုက်ကြ။
သမ္မတဦးသိန်းစိန်၏ အစောပိုင်းလူကြိုက်အများဆုံးဆောင် ရွက်ချက်မှာ တရုတ်အစိုးရက ကချင်ပြည်နယ်မှာ တည်ဆောက် နေသော မြစ်ဆုံတည်ဆောက်မှု ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယခု နှစ်အစောပိုင်းကလည်း ဒါဇင်နှင့် ချီ တရုတ်လူမျိုးသစ်ခုတ်သမား များကို မြန်မာအာဏာပိုင်များက ကချင်ပြည်နယ်မှာ တရားမ၀င် သစ်ခုတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် ကြာရှည်စွာ တိတ်တဆိတ်တရား မ၀င်နေထိုင်လုပ်ကိုင်နေခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်က မည်သူမျှ မလုပ်ကိုင်ရဲသည့် တရုတ်နယ်စပ်အနီး ကေအိုင်အေနှင့် မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် နေရာမှာ တရုတ်လူမျိုး သတ္တုတွင်းလုပ်သားများက မြေလွှာကို ခွဲကာ စက်ကြီးများဖြင့် ရွှေကို ရှာဖွေနေခဲ့ကြသည်။
ထိုနေရာမှာ ရွှေတူးဖော်နေ သည့် ယူနန်ပြည်နယ် တရုတ် အစိုးရပိုင် သတ္တုတွင်းကုမ္ပဏီမှ ကြီးကြပ်သူက ပြောကြားရာတွင် ယခုလိုနယ်စပ်ဖြတ်ကျော်သွား ရောက်လုပ်ကိုင်ရန် မည်သည့် ဗီဇာ၊ မည်သည့်နိုင်ငံကူးလက် မှတ်မျှ မလိုဟုဆိုသည်။
‘‘ကျွန်တော်တို့က နယ်စပ်ကိုနည်းနည်းကျော်ရုံပဲလေ’’ဟု သူ ကပြောသည်။ သူ၏ လူများက တော့ မြန်မာစစ်တပ်နှင့် ကေအိုင် အေတိုက်ခိုက်နေသည့် လမ်း ကြောင်းပေါ်က ၀ါးတဲတွေမှာ နေ့ လယ်စာ စားဖို့ စုရုံးရောက်ရှိနေ ပါသည်။
ယနေ့မှာတော့ ထိုနေရာများ ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပုံမှန်အားဖြင့် ထိန်း ချုပ်ထားပြီး မြန်မာစစ်တပ်ရှေ့ တန်းစခန်းများကတော့ အနီးအ နားက တောင်ကုန်းတွေမှာ နေရာ ယူထားသည်။
‘‘မြန်မာပဲဖြစ်ဖြစ်၊ ဘယ်သူ ပဲဖြစ်ဖြစ် ဒီနိုင်ငံရေးတွေကို ဘယ် သူက သိမှာလဲ၊ ဂရုစိုက်မှာလဲ။ ကျွန်တော်ကတော့ ဒီကိုလာတာ မိသားစုအတွက် ငွေရှာဖို့ပဲ’’ဟု ချန်အမည်ရှိ တစ်လလျှင် ဒေါ်လာ ၄၈၀ ခန့်ဖြင့် လာအလုပ်လုပ်နေသည့် တရုတ်သတ္တုတွင်းလုပ်သား တစ်ဦးကပြောသည်။ ထိုကဲ့ သို့ ရည်မှန်းချက်ကြီးသူများ အတွက်မှု နယ်မြေပိုင်နက်ကန့်သတ်မှုများမရှိပါချေ။
(Time မဂ္ဂဇင်းပါ ဆောင်းပါးရှင် Hannah Beech ၏ China Accuses Burmese Military of Fatal Bombing Across Border ဆောင်းပါးကို ထားထားမြင့်ဘာသာပြန်ဆိုသည်။)
http://7daydaily.com/story/33953#.VQjpSfAYuM8

No comments:
Post a Comment