ပုပ္ပားတောင်မကြီးတွင် တောမီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ပုပ္ပားတောင် ချစ်သူများအသင်းဖေ့စ်ဘွတ်ခ်)
ပုပ္ပားတောင်မကြီးတွင် ရှို့မီးမှတစ်ဆင့် မတ်လ ၁၃ ရက် ကတည်းက
တောမီးလောင်ကျွမ်း ခဲ့ရာ ငါးရက်တာကြာမြင့်လာ သော်လည်း ယခုသတင်းရေးသား သည့်
မတ်လ ၁၇ ရက် (အင်္ဂါနေ့)ညနေအထိ ငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ ဆက်လက်
လောင်ကျွမ်းနေဆဲဖြစ်နေကြောင်း သတင်းရရှိ သည်။
ပုပ္ပားတောင် အရှေ့ဘက် ခြမ်းရှိ ရှော်တောရွာအနီးမှစတင် လောင်ကျွမ်းခဲ့ရာ တောမီးမှာ မြောက်ဘက်ခြမ်း နွားလဘို့ တောင်၊ ဆေးဝင်တောင်သို့ပါ ကူးစက်၍ ဆက်လက်လောင်ကျွမ်း နေသည်ဟု ပုပ္ပားတောင်ချစ်သူ များအသင်းမှ ဦးတိုးက ပြော သည်။
‘‘ငြှိမ်းဖို့လည်း မလွယ်ဘူး။ တစ်တောင်လုံးလောင်နေတာ။ သစ်ပင်တွေကတော့ ပြန်ပေါက် ဖို့လွယ်ပေမယ့် တောထဲက တိရစ္ဆာန်လေးတွေကတော့ စိုးရိမ် ရတယ်’’ ဟု ၎င်းက ပြောသည်။
ပုပ္ပားတောင်တွင် နှစ်စဉ် တောမီးလောင်ကျွမ်းလေ့ရှိသော် လည်း ယခုလောင်ကျွမ်းမှုမှာ ဒေသခံများ၏ ရှို့မီးကြောင့် လောင် ကျွမ်းခြင်းဖြစ်ပြီး ပုပ္ပားတောင်မ ကြီးပေါ်သို့ မီးဆက်လက် လောင် ကျွမ်းမှုမရှိစေရန် မီးတားလမ်း များ ပြုလုပ်ထားသည်ဟု ပုပ္ပား တောင်အုပ်ချုပ်ရေးမှူးရုံးလက် ထောက် ညွှန်ကြားရေးမှူး ဦး သန်းနိုင်ဦးက ပြောသည်။
‘‘ပုပ္ပားကတော့ ရှို့မီးများ တယ်။ အဓိကကတော့ ထင်းခုတ် တာတွေကို ဖမ်းဆီးလို့ ဒေသခံ တွေက ရှို့မီးလုပ်ခဲ့တာကြောင့် လောင်ကျွမ်းရတာ။ အခုတော့ မီး တားလမ်းတွေ၊ မီးတားကွက်တွေ ကို ဒေသခံတွေနဲ့ ပေါင်းလုပ်ခဲ့ တယ်။ မီးက ဆက်မသွားနိုင်တော့ ပါဘူး’’ ဟု ၎င်းက ပြောသည်။
ပုပ္ပားတောင်တွင် ရှို့မီး၊ ပေါ့ ဆမီးတို့ကြောင့် မကြာခဏ တော မီးလောင်ကျွမ်းမှုများ ရှိသော် လည်း ယခုကဲ့သို့ ရက်ကြာကြာ လောင်ကျွမ်းခြင်းမျိုး မရှိခဲ့ဟု ဦး တိုးက ပြောသည်။
‘‘ဒီဘက်မှာ ရှို့မီးများတယ်။ တောကောင်ဖမ်းဖို့ မီးရှို့တာတွေ လုပ်ကြတာတော့ရှိတယ်။ ဒါပေမဲ့ နှစ်ရက်လောက်နဲ့ ငြိမ်းသွားကြ တယ်။ ခုက ငါးရက်လောက်ရှိပြီ။ ရာသီဥတုပူတာလည်း ပါမယ် ထင်တယ်’’ ဟု ၎င်းက ဆိုသည်။
ပုပ္ပားတောင်တွင် ယခုနှစ်အ တွင်း တောမီးလောင်ကျွမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ် နှစ်ဆန်းပိုင်းတွင် လောင်ကျွမ်းခဲ့စဉ်က နှစ်ရက်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
http://7daydaily.com/story/33956#.VQjpGvAYuM8

No comments:
Post a Comment