March 3, 2015

ဘုန်းတော်ကြီးများ အစာငတ်ခံဆန္ဒပြ ၆နာရီ မှာ မဖယ်ပါ အရေးယူမည်ဟု ကြေညာ

လက်ပန်တန်းမြို့ အောင်မြေဗိမာန်ကျောင်းမှ စတင်ကာ ရန်ကုန်မြို့သို့ ထွက်ခွာရန် ကျောင်းသားများပြင်ဆင်ပြီးနောက် လုံခြုံရေး ရဲအရာရှိများနှင့် တင်းမာမှုဖြစ်ပေါ်ကာ ထွက်ခွာခွင့်မရဘဲဖြစ်ခဲ့ရာ ဘုန်းတော်ကြီး ၁၁ပါးနှင့် ကျောင်းသားတို့က ထွက်ခွာခွင့်မရခြင်းကြောင့် ဆိုင်းဘုတ်ထောင်ကာ အစာငတ်ခံ ဆန္ဒပြသည့် ဆိုင်းဘုတ်ကို ကိုင်လျက်ထိုင်ကာ ဆန္ဒပြနေကြသည်။ ဆွမ်းဘုန်းမပေးဘဲ ဆန္ဒပြမှုကို နံနက် ၁၁း၃၀ တွင် စတင်သည်ဖြစ်ရာ ဘုန်တော်ကြီးတို့၏ ဝတ်နည်းအရ နေ့လည် ၁၂ နာရီကျော်ပါက ဆွမ်းဘုန်းပေး၍ ရမည်မဟုတ်ပေ။

လုံခြုံရေး ရဲအရာရှိများက ညနေ ၆ နာရီကျော်သည်အထိ ဆန္ဒပြမှု မရပ်ဆိုင်းပါက အရေးယူမည်ဟု လက်ကိုင်မိုက်များဖြင့် အသိပေးနေသည်။ ရဲသားများနှင့် ရဲမေများ လုံခြုံရေးယူသည့်ပုံစံ ပြောင်းသွားသည်ဟု မဇ္ဈိမ သတင်းထောက်ကပေးပို့သည်။
နံနက်ပိုင်း လုံခြုံရေး ယူထားပုံမှာ ရဲမေ ၁၀၀ ခန့်က ရှေ့ဆုံးစည်း ယူထားခဲ့ရာ နေ့လည်ပိုင်းတွင်မူ ရဲသားများက ရှေ့စည်းက လုံခြုံရေးယူလျက် လုံခြုံရေး အစီအမံ ပြောင်းလဲ ပစ်လိုက်သည်။ ပထမ လုံခြုံရေးစည်း ချထားပုံမှာ ရဲမေနှင့်ရဲသား ၅၀၀ ကျော် ခန့်လမ်းကို ပိတ်ဆို့ လုံခြုံရေး ယူထားပြီး လုံခြုံရေး ယူထားပုံမှာ ရဲမေများက အရှေ့ဆုံးစည်း၊ ရဲသားများက အလယ်စည်းဖြစ်ပြီး နောက်ဆုံးစည်းတွင်မူ သံဆူးကြိုး ထားရှိသည်။
နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်တို့က ပြည်ထဲရေးဝန်ကြီးဌာက ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသော ဆန္ဒပြမှု ရပ်ဆိုင်းပေးရန် သတိပေးချက်နှင့် ဆန္ဒဆက်ပြပါက အရေးယူမည်ဟူသည့် ကြေညာချက်ကို လက်ကိုင်မိုက်များဖြင့် အသိပေးနေခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/40074-2015-03-03-05-35-15

No comments:

Post a Comment