အောင်တံခွန် (၃)တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများအတွက်
တစ်ဦးလျှင်ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
ကျပ်တစ်သိန်းစီနှင့် စေတနာရှင်များက လှူဒါန်းငွေကျပ် ၁၁
သိန်းစီထောက်ပံ့ပေးအပ်သည့် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားကို မတ်လ ၁၆ရက်ညနေက စစ်တွေ မြို့ဦးဥတ္တမခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ကာ စေတနာရှင်များမှ လှူဒါန်းငွေကျပ်သိန်း၁၃၀၀ကျော်ရရှိခဲ့ပြီး အသက်ရှင်ကျန်နေသူများကို တစ်ဦးလျှင် ငွေကျပ်သုံးသိန်းခွဲနှင့် သေဆုံးသူများကို တစ်ဦးလျှင်ငွေကျပ် ၁၁ သိန်းလှူဒါန်းခဲ့သည်။
‘‘ငွေကြေးအားဖြင့် လူ့အ သက်ကို တန်ဖိုးဖြတ်လို့တော့မရ ပါဘူး။ ကျန်ရှိတဲ့သူတွေမှာ စိတ် ဒဏ်ရာတွေ ခံစားနေရမှာကို လည်း ကိုယ်ချင်းစာပါတယ်။ သူ တို့ကိုအတတ်နိုင်ဆုံးနှစ်သိမ့်ပေး ရမယ်။ ကူညီပေးရမယ်။ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကုန်လုပ်ပေးရမယ်’’ဟု ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက အလှူငွေပေးအပ်ပွဲတွင် ပြောကြားသည်။
ထို့အပြင် အသက်ရှင်ကျန် ရစ်ခဲ့သူများ၏ အခက်အခဲများကို လူမှုဝန်ထမ်းဦးစီးဌာနတွင်စုစည်း ၍ အသက်အရွယ်၊ ပညာအရည် အချင်းအပေါ်မူတည်ကာ အလုပ် အကိုင်များ စီမံဆောင်ရွက်ပေး သွားရန် အစီအစဉ်ရှိသည်ဟု၎င်း ကဆိုသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းအောင်ကလည်း မတ်လ ၁၅ ရက်တွင် ကယ်ဆယ်ရရှိသူ ၁၆၉ဦးအတွက်တစ်ဦးလျှင်ငွေကျပ်ငါးသောင်း နှင့် သေဆုံးသူ ၃၅ဦးနှင့်ပျောက်ဆုံးသူ ၁၀ဦးအတွက်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီထောက်ပံ့ပေးအပ်ခဲ့သည်။
http://7daydaily.com/story/33915#.VQeP6fAYuM8

No comments:
Post a Comment