March 17, 2015

အောင်တံခွန် (၃) နစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးသွားသည့်ဆရာမနှင့် ကျောင်းသူနှစ်ဦးအား ပညာရေးဝန်ကြီးဌာနက ကျပ်သုံးသိန်းစီထောက်ပံ့

သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို သယ်ဆောင်နေကြစဉ်(ဓာတ်ပုံ - MOI)
အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်မှုကြောင့် အသက် ဆုံးရှုံးသွားခဲ့ရသည့် ဆရာမတစ်ဦးနှင့် ကျောင်းသူနှစ်ဦး၏ မိသား စုအား ပညာရေးဝန်ကြီးဌာနက တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ ကျပ်သုံးသိန်းစီ   ထောက်ပံ့ခဲ့ ကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ သတင်းရရှိသည်။
အသက်ဆုံးရှုံးသွားခဲ့သူများ မှာ အထက်တန်းပြဆရာမ ဒေါ်အေးငြိမ်းငြိမ်းစံ (အထက (၃) ကျောက်ဖြူ)၊ နဝမတန်းကျောင်းသူ မခင်စုစုမွန်နှင့် တတိယတန်းကျောင်းသူ  မစန္ဒီဆန်းလင်းတို့ဖြစ်ပြီး ၎င်းတို့အတွက်တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီကို ပညာရေးဝန်ကြီးကိုယ်စားအမှတ်(၁) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏မိသားစုထံသို့ မတ်လ ၁၆ ရက်က သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
 အဆိုပါသင်္ဘောနစ်မြုပ်မှု တွင်  စစ်တွေမြို့၌ ကျင်းပမည့် အသက် (၁၅)နှစ်အောက် ဘော လုံးပြိုင်ပွဲ လူရွေးပွဲသို့ သွားရောက် အရွေးခံရန် ကာယဆရာတစ်ဦး နှင့် နဝမတန်းကျောင်းသား သုံး ဦး အသက်ရှင်လွတ်မြောက်ခဲ့သည်။  မတ်လ ၁၆ ရက်တွင်အသက်ရှင်လျက်ပြန်လည်တွေ့ ရှိခဲ့သည့် စတုတ္ထတန်းကျောင်းသူ တစ်ဦးအား တစ်ဦးလျှင်ထောက် ပံ့ကြေး ငွေကျပ်ငါးသောင်းစီပေး အပ်ခဲ့ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

  ‘‘အသက်ဆုံးရှုံးသွားတဲ့ ဆရာနဲ့ ကျောင်းသူတွေရဲ့ သူတို့ မိသားစုတွေကို သုံးသိန်းစီနဲ့ အသက်ရှင်တဲ့ ကာယဆရာနဲ့ ကလေးတွေကို ငါးသောင်းစီပညာရေးဝန်ကြီးဌာနကိုယ်စားအမှတ်(၁) အခြေခံပညာဦးစီးဌာနက သွားရောက်ထောက်ပံ့ပေး တယ်။ ဌာနက တာဝန်ရှိသူတစ်ဦးလည်းအဲဒီကျောက်ဖြူ စခန်းမှာရောက်ရှိပြီးတော့ အားပေးဆောင်ရွက်လျက်ရှိတယ်’’ဟု အဆိုပါအဆင့်မြင့်အရာရှိက ပြောသည်။
အောင်တံခွန်(၃) ခရီးသည်တင်သင်္ဘောသည် မတ်လ ၁၃ ရက်နစ်မြုပ်ခဲ့ပြီး အဆိုပါသင်္ဘောတွင် စီးနင်းလိုက်ပါလာသည့် မတ်လ ၁၅ ရက်အထိ ခရီးသည် ၁၆၉ ဦးကယ်ဆယ်ထားနိုင်ပြီး   ရုပ်အလောင်း၆၀ခန့် တွေ့ရှိထားကြောင်းကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
http://7daydaily.com/story/33919#.VQeP2_AYuM8

No comments:

Post a Comment