တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားရာ
မတ်လ ၁၆ ရက်တွင် တပ်မတော်ဘက် မှ အရာရှိနှစ်ဦးကျဆုံးခဲ့ပြီး အရာ ရှိ၊
စစ်သည် ငါးဦးဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။
ပါစင်ကျော်ရွာမှ ဘီပီ ၁၃၇ သို့ သွားသော ကားလမ်းတွင် တပ် မတော်စစ်ကြောင်းများက နယ် မြေရှင်းလင်းနေစဉ် မတ်လ ၁၆ ရက် နံနက် ၁၀ နာရီခန့်က ကား လမ်း မြောက်ဘက်ခြမ်းရှိ ပွိုင့် ၁၄၆၈ တောင်ကုန်းအနီး၌ ကိုး ကန့်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး အဆိုပါတောင်ကုန်းတွင် ခံ စစ်ယူပြင်ဆင်ထားသော ကိုးကန့် တပ်ဖွဲ့ဝင်များအား တပ်မတော် က ဆက်လက်တိုက်ခိုက်လျက်ရှိ ကြောင်း အစိုးရက သတင်းထုတ် ပြန်သည်။
အထင်အမြင်လွဲမှားမှု မဖြစ်ပေါ်စေရန် မတ်လ ၁၅ ရက်မှစတင်၍ တပ်မတော်လေကြောင်း ပစ်ကူများကို ရပ်တန့်ထားကြောင်း အမှတ်(၁) ခြေလျင်တပ်မဌာနချုပ်မှ တာဝန်ရှိသူကပြောသည်။
မတ်လ ၁၅ ရက် ညနေကလည်း လောက်ကိုင်မြို့ အရှေ့ဘက်ရှိ ပွိုင့်-၁၂၁၉ တောင်ကုန်းတွင် လုံခြုံရေးဆောင်ရွက်နေ သော တပ်မတော်စစ်ကြောင်းအား ကိုးကန့်တပ်ဖွဲ့ဝင်အချို့က လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၈ ရက်ညက စတင်ခဲ့သည့် လောက်ကိုင်ဒေသ တိုက်ပွဲမှာ ယနေ့တွင် တစ်လ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲ အရှိန်မှာ ဆက်လက်မြင့်တက်နေ သည်။ တပ်မတော်မှ အရာရှိအပါ အ၀င် ကိုးဆယ်ကျော်ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ရာကျော်လာခဲ့ပြီဖြစ်သည်။ အရပ်သားအချို့လည်း သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ကိုးကန့်လက်နက်ကိုင် ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
http://7daydaily.com/story/33893#.VQeQcPAYuM8

No comments:
Post a Comment