မုံရွာ
ဇေယျာဟိန်း
ကျောင်းသားသပိတ် (ပင်မ) စစ်ကြောင်းမှ ခွပ်ဒေါင်းအလံ လွှင့်ထူ၍ ကားများနှင့် သီချင်း ဖွင့်ကာ ရန်ကုန်မြို့သို့ ၀င်ရောက်မည့် အချက်များ အပါအ၀င် အချက် (၈) ချက်ကို ပဲခူးတိုင်းဒေသကြီး၊ နယ်/လုံ ၀န်ကြီးထံ တောင်းဆို ထားကြောင်း ကျောင်းသား သပိတ် (ပင်မ) စစ်ကြောင်းမှ ကိုအောင်မှိုင်းဆန်းက ပြောသည်။ အဆိုပါ ပင်မသပိတ် စစ်ကြောင်းသည် ယခု လက်ရှိတွင် လက်ပံတန်းမြို့မှ သာယာဝတီထိ သပိတ်စစ်ကြောင်း ပုံသ္ဌာန်ဖြင့် လမ်းလျှောက် ဆက်လက် ချီတက် သွားမည် ဖြစ်ပြီး ရန်ကုန်မြို့သို့ ၀င်ရောက်ရာတွင် အစိုးရ အစီအစဉ်ဖြင့် မဟုတ်ဘဲ ၎င်းတို့ စီစဉ် ထားသော ကားများ ဖြင့်သာ ဆက်လက် ချီတက်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ သူတို့က ရန်ကုန်ကို အလံလွှင့်ပြီး ကားနဲ့ဝင်ဖို့ ပါဝင်တဲ့ အချက်အလက်တွေ တောင်းဆို ထားပါတယ်။ အဲဒါကို နယ်/လုံ ၀န်ကြီးက သူတို့နဲ့ တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်းပါ လိမ့်မယ် ဟု ပဲခူး တိုင်းဒေသကြီး အစိုးရရုံးမှ အတွင်းရေးမှူး ဦးမောင်မောင်သန်း က ပြောသည်။
ယင်းတောင်းဆိုချက် များတွင် ကျောင်းသားသပိတ် (ပင်မ) စစ်ကြောင်းသည် ရန်ကုန် မြို့သို့ ၀င်ရောက် ပြီးနောက် ရွှေတိဂုံ ရင်ပြင် (သို့မဟုတ်) ရန်ကုန် တက္ကသိုလ် အတွင်းရှိ သမဂ္ဂ ရင်ပြင်သို့ ၀င်ရောက်၍ အခမ်းအနား ပြုလုပ်ကာ သပိတ်စစ်ကြောင်းအား ခေတ္တ ရပ်နားပြီး ပိတ်သိမ်းကာ မိမိတို့ နေထိုင်ရာသို့ ပြန်မည် ဟူသော အချက်လည်း ပါဝင်ကြောင်း သိရသည်။
ကျွန်တော်တို့ သံဃာ ဂိုဏ်ပေါင်းစုံက ဆရာတော်တွေ၊ သီတဂူ ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်တို့၊ (၁၀) တန်းကို ဖြေဆိုမယ့် ကျောင်းသား မိဘတွေရဲ့ စိုးရိမ် ပူပန်စိတ်နဲ့ လွှတ်တော်က အဖြေကို စောင့်ကြည့်မယ့် အချက်တွေကြောင့် သပိတ်ကို ရပ်နားထား ပါတယ် ဟု ကျောင်းသား သပိတ် (ပင်မ) စစ်ကြောင်းမှ ကိုမင်းသွေးသစ်က ပြောသည်။
အဆိုပါ ကျောင်းသားသပိတ် (ပင်မ) စစ်ကြောင်း ၀င်ရောက်ရာတွင် လုံခြုံရေးပေးရာ၌ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အရှေ့မှ ဦးဆောင်ရာတွင် ရဲအင်အား အနည်းငယ်ဖြင့် ခပ်ခွာခွာမှ လိုက်ပါ ဆောင် ရွက် နိုင်ကြောင်းနှင့် ၎င်းတို့ သပိတ်ရပ်နား ထားစဉ် အတွင်း လွှတ်တော်၌ ဥပဒေ ဆွေးနွေး တိုင်ပင်ရာတွင် ၎င်းတို့ တောင်းဆို ထားသော အချက်များ ပါဝင်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သပိတ်စစ်ကြောင်း တာဝန်ရှိသူ များက ပြောသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32884

No comments:
Post a Comment