ကြက်ခြေနီ အသင်း၊ မိသားစု ပြန်လည် ဆက်သွယ်ပေးရေး ဌာနမှ မိသားစုများ
ဘေးအန္တရာယ် ကင်းရှင်းလျက် ရှိကြောင်း တိုက်ရိုက် ဖုန်းသုံးမိနစ်
ပြောဆိုခွင့် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ
ကြက်ခြေနီ အသင်း၊ လားရှိုး မြို့နယ် မိသားစု ပြန်လည် ဆက်သွယ်ရေးဌာန
ခေါင်းဆောင် ကိုမျိုးမင်းဆွေက The Messenger Media သို့ ပြောသည်။
သီတင်းတစ်ပတ် အတွင်း မိသားစု ပြန်လည် ဆက်သွယ်ပေးရန် အကူအညီ လာတောင်းသော
မိသားစု (၄၀၀) ကျော်ရှိပြီး၊ (၂၀၀) ကျော်အား ပြန်လည် ဆက်သွယ်ပေးနိုင်
ခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ စခန်းကို ရောက်လာတဲ့
မိသားစုတွေ နဲ့ ဟိုမှာကျန်ခဲ့တဲ့ မိသားစု တွေကို အကြောင်းကြား
ဖုန်းဆက်ပေးတဲ့ ၀န်ဆောင်မှုပါ။ ဒီဟာ ကတော့ မိသားစု တစ်စုကို သုံးမိနစ်ပေါ့။
နောက်ပြီး မိသားစု အကြောင်းအရာပဲ ပြောရ တာပေါ့ ဟု ၎င်းက ပြောသည်။ ရှမ်းပြည်နယ်
လားရှိုးမြို့တွင် မိသားစု ပြန်လည် ဆက်သွယ်ပေးရေး ဌာနအား ဖေဖော်ဝါရီလ (၂၄)
ရက်နေ့၌ စတင် ဖွဲ့စည်းခဲ့ပြီး၊ ကွမ်းလုံမြို့ တွင်လည်း ရုံးခွဲများ
ဖွင့်လှစ်၍ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ
အသင်းထံမှ သိရသည်။
ဖေဖော်ဝါရီလ (၁၇) ရက်နှင့် (၂၁)
ရက်တို့တွင် လောက်ကိုင်ဒေသ တိုက်ပွဲ များကြောင့် ပိတ်မိနေသော ပြည်သူ
များအား ကြက်ခြေနီ ယာဉ်တန်းမှ ကယ်ထုတ် လာစဉ် ပစ်ခတ်ခံခဲ့ရပြီး ကြက်ခြေနီ
နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ထို့နောက် စစ်ဘေးရှောင် ပြည်သူ များအား၊
ပရဟိတ အဖွဲ့များက သွားရောက်၍ အလှူငွေများ လှူဒါန်းခဲ့ ကြသည်။ ဒဏ်ရာရ
စစ်သည်များ ကိုလည်း နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်တို့ မှလည်း သွားရောက် ကြည့်ရှုခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32881
No comments:
Post a Comment