ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မတ်လ ၁၀ရက်တွင်ဖြစ် ပွားခဲ့သော လက်ပံတန်းအကြမ်း ဖက်မှုနှင့်ပတ်သက်၍ မတ်လ ၁၁
ရက်၌ ကျင်းပသောလွှတ်တော် တွင် မည်သည့်ကန့်ကွက်မှု၊တိုက် တွန်းမှုမျှ
မပြုလုပ်ခဲ့ကြောင်း သ တင်းရရှိသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က‘‘အကြမ်းဖက်မှုကို အဖွဲ့ချုပ်က ဘယ်တုန်းကမှထောက်ခံခဲ့တာမဟုတ်ဘူး။ ဒါကတော့ ထူးထူးထွေထွေပြောစရာမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးဟာ အားလုံးနဲ့ဆိုင်ပါတယ်’’ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။
အစိုးရက ဥပဒေနှင့်အညီ ဖြေရှင်းခြင်းသာဖြစ်သည်ဆိုသည့် ရှင်းလင်းချက်အပေါ် မှတ်ချက် မေးမြန်းရာတွင်‘‘ဥပဒေမှာ လိုအပ် တဲ့အင်အားထက်ပိုပြီးမသုံးရဘူး လို့ပါတယ်’’ဟု ဖြေကြားခဲ့သည်။
‘‘ဘာတွေဖြစ်တယ်ဆိုတာ ကျွန်တော်တို့လည်း မျက်မြင် တော့မဟုတ်ဘူး။ သတင်းအ ကြားနဲ့ပဲသိတယ်။ ကျွန်တော်တို့ မသေချာဘူး။ ကောင်းတာက တော့အေးအေးချမ်းချမ်းနဲ့ပဲ ညှိ နှိုင်းဖြေရှင်းရင်ရမယ်လို့ ကျွန် တော်ထင်တယ်’’ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦးက ပြော သည်။
‘‘တည်ငြိမ်အေးချမ်းမှုလိုချင် တယ်၊ ဖွံ့ဖြိုးတိုးတက်မှုလိုချင် တယ်။ တည်ငြိမ်အေးချမ်းမှုဖျက် ဆီးတဲ့ဖြစ်စဉ်မျိုးဆို ဘယ်ကိစ္စမှ ကျွန်တော်တို့လက်မခံဘူး။ ဘယ် သူ့ကြောင့်မှဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကတော့ ဥပဒေနဲ့အညီရှင်း ကြ။ ရဲတပ်ဖွဲ့က အရင်စသလား၊ ဟိုဘက်ကစသလား ကျွန်တော်မ ပြောတတ်ဘူး’’ဟုလည်း ဦးဌေးဦး ဆိုသည်။
လွှတ်တော်ပြင်ပနိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူအချို့ က ရဲတပ်ဖွဲ့၏ ဖြိုခွဲမှုသည် အ ကြမ်းဖက်သည်ဟု ယူဆကြပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက နေ့ ချင်းပင် ကန့်ကွက်မှုများထုတ်ပြန် ခဲ့သော်လည်း မတ်လ ၁၁ရက် တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးများက အဆိုပါပြဿနာအ ပေါ် မည်သည့်ဆွေးနွေးမှုမျှမပြု လုပ်ခဲ့ကြောင်း သိရသည်။
‘‘နေပြည်တော်က ဒါကို အ ရေးမကြီးဘူးလို့ထင်ကြတာလား။ ဒါမှမဟုတ်လည်းလွှတ်တော်အစီ အစဉ်ဆိုတာ ချက်ချင်းလုပ်လို့မရ လို့ နောက်ရက်အစည်းအဝေးမှာ များတင်နိုင်မလား။ နှလုံးသားရှိ တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကတော့ ဒီကိစ္စကို ကန့် ကွက်ကြောင်း၊ စုံစမ်းဖို့အကြောင်း တွေတင်လာနိုင်တယ်လို့ ကျွန်မ မျှော်လင့်ပါတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သည့်ဒေါက် တာညိုညိုသင်းက၎င်း၏အမြင်ကို ပြောကြားသည်။
သူရဦးအောင်ကိုကလည်း အဆိုပါကိစ္စအပေါ်မှတ်ချက်ပေး ရန်ငြင်းဆိုခဲ့သည်။ အစိုးရ၏ ဆောင်ရွက်ချက်(သို့မဟုတ်) အ ခြားမည်သည့်အကြောင်းအရာ ကို ဖြစ်စေ၊ လွှတ်တော်အစီအစဉ် တွင် ကြိုတင်ထည့်သွင်းရန်မလို ဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ဖြင့် သက်ဆိုင်ရာလွှတ်တော်များ တွင် အရေးကြီးအဆိုအဖြစ်တင် သွင်းနိုင်သည်ဟု လွှတ်တော်ဥပ ဒေတွင် ပြဋ္ဌာန်းထားသည်။
သို့သော် အတိုက်အခံအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအ နေဖြင့် လူအင်အားနည်းသည့်အ တွက် အရေးကြီးအဆိုအဖြစ်တင် သွင်းရန်မရှိကြောင်းပါတီ၏ ဥပ ဒေပညာရှင်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောကြားခဲ့ သည်။ ပြည်ခိုင်ဖြိုးပါတီကလည်း အဆိုတင်သွင်းရန် လတ်တလော အစီအစဉ်မရှိသေးကြောင်းသာ ပြောကြားခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အချို့ ကလည်း လွှတ်တော်၏ လုပ် ဆောင်ချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင်းပါတီများ၏အစီ အစဉ်အတိုင်းသာဖြစ်သည်ဟုဆို သည်။
ရဲတပ်ဖွဲ့ဝင်များ၏အကြမ်း ဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည် ထောင်စုလွှတ်တော်တွင်အရေး ကြီးအဆိုကို ပြည်မကိုအခြေပြု သည့် ပါတီများက တင်သွင်းသင့် ပြီး တိုင်းရင်းသားပါတီများအနေ ဖြင့် ထောက်ခံဆွေးနွေးခြင်းကပို အဆင်ပြေသည်ဟု ရခိုင်အမျိုး သားပါတီဥက္ကဋ္ဌဒေါက်တာအေး မောင်ကပြောသည်။
http://7daydaily.com/story/33529#.VQEBtvAYuM8

No comments:
Post a Comment