March 12, 2015

ဖမ်းဆီးထားသော သံဃာ ၁၀ ပါး ပြန်လွှတ်ပေးပြီး ကျောင်းသားများကို မိဘလက်ပြန်အပ်မည်ဟုဆို

လက်ပံတန်းမြို့တွင် မတ်လ ၁၀ ရက်က ကျောင်းသား သပိတ်ဖြိုခွင်းရာ၌ ဖမ်းဆီးခံထား ရသူ တစ်ရာကျော်ထဲမှ သံဃာ၁၀ ပါးအား  ပြန်လွှတ်ပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မတ်လ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
မတ်လ ၁၀ ရက်က လက်ပံ တန်းမြို့တွင် အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်သည့် ကျောင်းသားသပိတ်ကို ဖြိုခွင်းရာတွင် ကျား ၁၀၇ ဦး၊ မ ၂၀ ဦး၊စုစုပေါင်း ၁၂၇ ဦး ခေါ်ယူထိန်းသိမ်းထားသည်။
ဖမ်းဆီးခံရသည့် ကျောင်း သားများကို သက်ဆိုင်ရာ မိဘ များအားခေါ်ယူ၍ ပြန်လည်အပ်နှံမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှသိရှိရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ် လ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ခေါ်ယူထိန်းသိမ်းထားသူ များကို စစ်ဆေးမှုများပြုလုပ်၍ တက္ကသိုလ်၊ ကောလိပ်များ၌ ပညာသင်ကြားနေသော ကျောင်း သားများ  ဆက်လက်ပညာသင်ကြားနိုင်ရေးနှင့် မိဘများအပေါ် စာနာထောက်ထားသောအားဖြင့် ကျူးလွန်သည့် ပြစ်မှုများအပေါ် သက်ညှာသောအားဖြင့် မိဘများအား ခေါ်ယူ၍ ပြန်လည်အပ်နှံနိုင်ရေး ဆက်သွယ်အကြောင်းကြားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။
ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မ သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီး ထားသူများထဲမှ ၆၀ ဦးကို မတ် လ ၁၁ ရက် ညနေ ၄ နာရီတွင် လက်ပံတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်၍ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုပြီး မတ်လ ၂၅ ရက်သို့ ရုံးချိန်းပေးခဲ့ကြောင်း ပင်မသပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုရဲရင့်ကျော်က ပြောသည်။

‘‘သူတို့က ပြန်အပ်မယ်သာ ပြောနေတာ။ ဒီနေ့တရားရုံးထုတ် ပြီးတော့ ၂၅ ရက် ထပ်ချိန်းလိုက် တယ်ဆိုတော့ သူတို့ ကြေညာ ချက်က  ဆန့်ကျင်ဘက်ဖြစ်နေ တယ်’’ ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ကိုရဲရင့်ကျော် က ‘‘အဲဒီမှာပါဝင်တဲ့ ၆၀ စာရင်းရဲ့ အမည်တွေကို လုံးဝထုတ်ပြီး မ ပြောဘူး။ တရားရုံးရှေ့မှာလည်း သေနတ်တွေနဲ့ လုံခြုံရေးတွေ ပိတ်ဆို့ထားပြီးတော့ တရားစီရင် မှု လုပ်နေတာ ကောင်းတဲ့အလားအလာတစ်ခုမဟုတ်ဘူး’’ ဟု ဆိုသည်။
သို့သော် ပြစ်မှုကျူးလွန်သူ များနှင့်နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားသူများ၊ အားပေးအား မြှောက် ပြုလုပ်သူများကိုတည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဟုယင်းသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
ထို့ပြင် လက်ပံတန်းမြို့၌ အ မျိုးသားပညာရေးဥပဒေကို ကန့် ကွက်ဆန္ဒပြသည့်   သပိတ်စစ် ကြောင်း၌ သံဃာအချို့ ပါဝင်နေသည်ကို  တွေ့ရှိရသဖြင့် ခေါ် ယူစစ်မေးခဲ့သော သံဃာ ၁၀ ပါးအားသက်ဆိုင်ရာ  ဒေသကျောင်းအသီးသီးသို့  ပြန်ခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မတ်လ ၁၀ ရက်တွင် လက်ပံတန်းမြို့ ပိတ်ဆို့ခံထားရသော ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီ၊ ပင်မသပိတ် စစ်ကြောင်းကို ရဲတပ်ဖွဲ့က  အင်အားသုံး  အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး  ကျောင်းသားများအား ရိုက်နှက်ဖမ်းဆီးခဲ့သည်။
http://7daydaily.com/story/33543#.VQEBe_AYuM8

No comments:

Post a Comment