ကိုးကန့်ဒေသတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားအချို့ (ဓာတ်ပုံ − အောင်သစ်လွင်)
မြန်မာစစ်တပ်နှင့် ကိုးကန့် တိမ်းရှောင်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားပြီး အမြောက်ကျည်ဆန်များကနယ်စပ်ကို ကျော်၍တရုတ်ပိုင်နယ်ထဲရှိ အိမ်တစ်လုံးကို လာရောက်ထိမှန်ကာပျက်စီးသည့်အတွက် တရုတ်အစိုးရက မကျေနပ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ထို့အပြင်ဖြစ်ပွားနေသည်မှာ တစ်လကြာပြီဖြစ်သော အဆိုပါတိုက်ပွဲများကို အေးအေးချမ်းချမ်း ဖြေရှင်းရန်လည်း တရုတ်အစိုးရက တောင်းဆိုထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကိုး ကန့်ဒေသက ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် တရုတ်ဘက်မှ ကြေးစားစစ်သားများက ကူညီ ပေးနေသည်ဟု မြန်မာဘက်က စွပ်စွဲထားသည်။ မြန်မာပိုင်နက် အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ကာကွယ်ရန် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြန်မာက ကမ်းလှမ်းထားသည်။
ယခင်ဗမာပြည်ကွန်မြူနစ် ပါတီဝင်ဖြစ်ဖူးခဲ့သည့် MNDAA ဟု ခေါ်သော ကိုးကန့်များဦး ဆောင်သည့် မြန်မာအမျိုးသားဒီ မိုကရက်တစ်မဟာမိတ်တပ်နှင့် မြန်မာအစိုးရတပ်ကြား တိုက်ပွဲများသည် ပြီးခဲ့သည့်လက စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မြန်မာဘက်မှ စစ်ပြေးဒုက္ခသည် ထောင်နှင့်ချီပြီး တရုတ်နိုင်ငံယူနန်ပြည်နယ်ထဲသို့ ထွက်ပြေးလာကြသဖြင့် တရုတ်အစိုးရအား မကျေမနပ်ဖြစ်စေသည်။ တနင်္ဂနွေနေ့က ဖြစ်ပွားသောတိုက်ပွဲ ကြောင့် တရုတ်မြေပေါ်သို့ ကျည် ဆန်ခွံများကျလာပြီး အိမ်တစ်လုံး ပျက်စီးသွားကြောင်း၊ သို့သော် အ သေအပျောက်မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြေခွင့်ရ မစ္စတာဟောင်လီက နေ့စဉ်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
‘‘တရုတ်ဘက်ကနေ မြန်မာ ဘက်ကို အတော့်ကိုစိုးရိမ်ပူပန်မိ တယ်ဆိုတဲ့အကြောင်း ပြောထား ပြီးပါပြီ။ သူတို့အနေနဲ့ ဘာဖြစ်သ လဲဆိုတာအောက်ခြေအထိ လိုက် ဖို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး နောင်ကိုထပ်မဖြစ်အောင် ထိထိရောက်ရောက်အ ရေးယူဖို့လည်း တောင်းဆိုထားပါ တယ်’’
အဆိုပါ တိုက်ပွဲများက နယ် မြေတည်ငြိမ်မှုနှင့် တရုတ်-မြန်မာ နယ်စပ် လူမှုဆက်ဆံရေးအပေါ် ဆိုးကျိုးများရှိလာနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
‘‘ကျွန်တော်တို့က နှစ်ဖက် စလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ် ကြဖို့နဲ့ တတ်နိုင်သမျှ ထိခိုက်မှု နည်းအောင် လုပ်ကြဖို့ ထပ်မံ တောင်းဆိုထားပါတယ်’’
တရုတ်နယ်စပ်အနီး ကိုးကန့် တပ်များက အခြေချတိုက်ခိုက်နေ သော တောင်ကုန်းများကို သိမ်း ယူရန် မြန်မာစစ်တပ်ဘက်က အမြောက်များနှင့် လေကြောင်း တိုက်ခိုက်မှုများ အသုံးပြုခဲ့၏။
‘‘မတ်လ ၈ ရက်က မြန်မာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ တိုက်ပွဲဖြစ်စဉ် မှာ တရုတ်နိုင်ငံဘက်ခြမ်းကို လမ်းကြောင်းလွဲပြီး အမြောက်ဆန်ကျ ရောက်ခဲ့ပါတယ်။ ကံကောင်း ထောက်မလို့ သေဆုံးဒဏ်ရာရ တော့မရှိပေမယ့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမြန်ဆုံးစုံစမ်းဖော် ထုတ်ပေးဖို့၊ အောက်ခြေအထိ ရှင်းလင်းပေးဖို့၊ နောက်ထပ် ဒီလိုအလားတူကိစ္စမျိုးတွေ လုံးဝထပ်မဖြစ်အောင် အရေးယူဆောင်ရွက်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်’’ဟု မစ္စတာဟောင်လီက ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုးကန့်တိုက်ပွဲ စစ်ဆင်ရေး ဆောင်ရွက်ရာတွင် တစ်ဖက်နယ် စပ်နှင့် နီးကပ်လွန်းခြင်းကြောင့် တိုက်ခိုက်မှုများ အလွန်သတိထားဆောင်ရွက်ရကြောင်း 7Day Daily သတင်းစာနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။
တရုတ်ဘက်က အသိပေးမှု နှင့်ပတ်သက်၍ မြန်မာဘက်က လည်း ရန်သူခြေကုပ်စခန်းနေရာ ယူထားမှုကို ပြန်လည်အသိပေးခဲ့ ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။
‘‘မြန်မာ-တရုတ်နယ်စပ် မျဉ်းနားက တောင်ကုန်းများမှာ အခိုင်အမာ နေရာယူထားတဲ့ ဖုန်းကြားရှင်အဖွဲ့တွေကို လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်နေကြောင်း တရုတ်နိုင်ငံကို အသိပေးထားပါတယ်။ အဲဒီလို တိုက်ခိုက်တဲ့အခါ တရုတ်နိုင်ငံထဲကို ကျည်ကျရောက်မှုမရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက် နေပါတယ်။ အခုဖြစ်စဉ်ကို ပြန်စိစစ်နေပြီး နောက်ထပ်လည်း အလားတူမဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်’’ဟု ၎င်းက ပြောသည်။
ယင်းတိုက်ပွဲများ အဆုံး သတ်ရန် မြန်မာနှင့် တရုတ်မှ ကိုယ်စားလှယ်များသည် ဘေ ဂျင်းမြို့နှင့် နယ်စပ်မြို့များတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ထိ ရောက်မှုမရှိခဲ့ပေ။
—Ref: Reuters
http://7daydaily.com/story/33508#.VQEVqvAYuM8
No comments:
Post a Comment