အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ကျောင်းသားများအား
နားလည်အောင်ရှင်းပြ၍ လွှတ် တော်ဥပဒေပြုနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု
လက်ပံတန်း အရေးကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ထုတ်ဖော်ပြောကြားလိုက် သည်။
‘‘ကလေးတွေလာတဲ့အခါ သူတို့ဘာဆိုလိုချင်တာလဲဆိုတာ အတိအကျသိရမယ်။
ဒါဖြစ်သင့် လား၊ ဖြစ်နိုင်လားဆိုတာ သူတို့နဲ့ ဆွေးနွေးလိုက်ရင်
ပြီးပါတယ်’’ဟု အမျိုးသားလွှတ်တော်အစည်းအ ဝေးပြီးဆုံးချိန် မီဒီယာများ၏ မေး
မြန်းမှုကို ဦးခင်အောင်မြင့်က အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၀ ရက်ကတည်းက ဖြစ်ပွားခဲ့သော အုပ်ချုပ်ရေးအာ ဏာပိုင်များနှင့်
ကျောင်းသားများ ၏ ပဋိပက္ခနှင့် ပတ်သက်၍ မတ် လ ၁၁ ရက်နှင့် ၁၂ ရက်တွင်
ကျင်းပသည့် လွှတ်တော်များ၌ မည် သည့်ဆွေးနွေးမှု၊ ကန့်ကွက်မှုကိုမျှ
တရားဝင်မပြုလုပ်ခဲ့သော်လည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မီဒီယာအချို့၏
မေးမြန်းမှုကို အ ထက်ပါအတိုင်းပြောကြားလိုက် ခြင်း ဖြစ်သည်။ ထို့ပြင်
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အခြားဥပဒေများ နှင့်မတူ
ကျယ်ကျယ်ပြန့်ပြန့်ဆွေး နွေးကာ လွှတ်တော်အနေဖြင့် အ ထူးလုပ်ဆောင်ပေးနေသည်ဟု
ဦးခင်အောင်မြင့်က ဆိုသည်။
ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် အာဏာပိုင် များက
အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း နှင့် ပတ်သက်၍ မေးမြန်းရာတွင်
အဆိုပါဖြိုခွင်းမှုသည် အုပ်ချုပ်မှု ကဏ္ဍဖြစ်သော်လည်း မိမိ၏ သ ဘောထားသည်
ဆရာကျော်ဝင်း ရေးသားထားသော ဆောင်းပါးအ ကြောင်းအရာနှင့် အတူတူဖြစ် ကြောင်း
၎င်းက ပြောသည်။
စာရေးဆရာ ကျော်ဝင်းရေး သားထားသော ‘‘တစ်သက်လုံးမွေးသော
ကြက်တစ်မနက်တည်းနဲ့ ရိုက်သတ်’’ ဆောင်းပါးတွင် ‘‘သမ္မတကြီး၏
နိုင်ငံရေးစန်း’’ကို အခြေမှ လှုပ်ကိုင်လိုက်သလို လက်ရှိဒီ
မိုကရေစီအပြောင်းအလဲကိုပါ ဆိုးဆိုးရွားရွားထိခိုက်နိုင်စရာရှိသည်။
ဘာလုပ်ကြမည်နည်း။ မှားပြီ။ အကြီးကြီးမှားသွားပြီ၊ ပြင်ဖို့ မလွယ်သည့်တိုင်
မဖြစ်မနေပြင်ရပါလိမ့်မည်။ ရိုးသားဖို့တော့လိုသည်။ တော်ရုံတန်ရုံ
ရိုးသားလို့ မရ။ ရက်ရက်စက်စက် ရိုးသား (Brutally Honest) မှ တော်လိမ့်မည်ဟု
ရေးသားဖော်ပြထားသည်။
မတ်လ ၅ ရက်မှစတင်၍ အမျိုးသားလွှတ်တော်တွင် ကျင်းပနေသည့်
အမျိုးသားပညာရေးဥပဒေမူကြမ်းပြင်ဆင်ရန် ကြားနာပွဲသို့ မတက်ရောက်နိုင်ခဲ့သည့်
ကျောင်းသားများက မတ်လ ၁၆ ရက်တွင် ပြန်လည်တက်ရောက်မည်ဖြစ်ပြီး မတ် ၁၇
ရက်တွင် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး
နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို အမျိုးသားလွှတ်တော်က ဖိတ်ကြားထားပြီး
တက်ရောက်ခြင်းရှိ၊ မရှိကိုမူ အတိအကျမသိရသေးကြောင်း အမျိုးသားလွှတ်တော်
ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
http://7daydaily.com/story/33636#.VQJSnfAYuM9
No comments:
Post a Comment