ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များ က
အကြမ်းဖက်နှိမ်နင်းခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အနက်ရောင်လှုပ်
ရှားမှု(ဘလက်ကမ်ပိန်း) စတင်ပြုလုပ်နေကြောင်းသတင်းရရှိသည်။
လက်ပံတန်းမြို့တွင် ကျောင်းသားသပိတ်အကြမ်းဖက် ဖြိုခွင်းခဲ့မှု ရှုတ်ချပွဲ
တစ်ရပ်ကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၌ မတ်လ ၁၂
ရက်ကပြုလုပ်ခဲ့သည်။ အာဏာပိုင်များ၏ အကြမ်းဖက်မှုကို
ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အနက်ရောင်အင်္ကျီ(သို့မဟုတ်) ရင်ဘတ်တွင်
အနက်ရောင်ပိတ်စကို မတ်လ ၁၂ ရက်မှစတင် ၀တ်ဆင်ကာ ရက်သတ္တပတ်ကြာ ဝတ်ဆင်ရန်
တိုက်တွန်းခဲ့သည်။
‘‘လူစိတ်ကင်းမဲ့ပြီး လူသား ချင်း စာနာမှုမရှိတဲ့ လူ့အသိုင်း အဝိုင်းတွေကို ရှုတ်ချတဲ့ပွဲပါ’’ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက အမှာစကား ပြောကြားသည်။
ထို့နောက် အကြမ်းဖက်ဖြို ခွင်းခံရသည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုရှုတ်ချပွဲတွင် တစ်မိနစ် ငြိမ်သက်ခဲ့ကြ သည်။ ထိုပွဲသို့တက်ရောက်လာ သည့်နယ်ပယ်စုံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက ဖမ်းဆီးခံ ကျောင်းသား၊ ပြည်သူ ၁၂၇ ဦးကို ခြွင်းချက်မရှိလွှတ်ပေးရန်တောင်း ဆိုထားကြသည်။
ကျောင်းသား သပိတ်ကို မတ်လ ၁၀ ရက်က လက်ပံတန်း မြို့၌ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် အကြမ်းဖက်ဖြိုခွင်းခဲ့သော ရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် စုပေါင်းတောင်းဆိုသည်။
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ရှုတ်ချပွဲသို့ နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ ပညာရေး စသည့်နယ်ပယ်များမှ ပညာရှင်များ၊ ကျောင်းသား၊ ပြည်သူပေါင်း သုံးရာကျော်ပါဝင်ခဲ့ပြီး ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသော ကျောင်း သား ၂၀ ကျော်ကို မတ်လ ၁၂ ရက်က ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်အရပ်သားများ အပါအဝင် ဖမ်းဆီးခံရသူ ၁၂၇ ဦးစလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
ထိုပွဲသို့ ဧရာဝတီတိုင်းမှ သပိတ်မှောက်ကျောင်းသားအချို့နှင့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင် ရာကွန်ရက် (NNER)အဖွဲ့ဝင် များ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ ယခုပွဲသို့ တက်ရောက်သူများ၏ လက်မှတ်များနှင့် အခြားပြည်သူများ၏ လက်မှတ်များကောက်ခံ၍ ဖမ်းဆီးခံရသူ ၁၂၇ဦးစလုံးကို ခြွင်းချက်မရှိလွှတ်ပေး ရန် တောင်းဆိုကြောင်း စာရေးဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) ကပြောသည်။
‘‘အကြမ်းဖက် နှိမ်နင်းတာ လက်မခံပါဘူး။ ဖြစ်စဉ်မှာ ပြည် သူကိုကာကွယ်စောင့်ရှောက်ပေး တဲ့ရဲအချို့ရှိပါတယ်။ မတရားတဲ့ ရဲတွေကိုလည်း ဖော်ထုတ်ဖို့လိုပါ တယ်။ လွှတ်တော်ကနေ ဖော် ထုတ်ဖို့၊ စုံစမ်းရေးကော်မရှင်ဖွဲ့ ဖို့ တောင်းဆိုပါတယ်’’ဟု မြန်မာ နိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)အဖွဲ့ဝင် ကိုစိုးထွန်းက ပြောသည်။
လေးပွင့်ဆိုင် ဆွေးနွေးပွဲ သဘောတူညီချက်များဖြင့် ပြန် လည်ပြင်ဆင်ထားသည့် အမျိုး သား ပညာရေး ဥပဒေမူကြမ်း ကြားနာပွဲကို အမျိုးသား လွှတ် တော်တွင် မတ်လ ၅ ရက်မှ ၁၅ ရက်အထိ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
http://7daydaily.com/story/33648#.VQJSw_AYuM8

No comments:
Post a Comment