March 24, 2015

ကလေးငယ်အား ကိုယ်အင်္ဂါ ချို့ယွင်းသည် အထိ အဓမ္မပြုကျင့်ခံရမှု နစ်နာကြေးရရန် တိုင်တန်းမည်

ရှစ်နှစ်အရွယ် မိန်းကလေးအား ကိုယ်အင်္ဂါ ချို့ယွင်းသည်အထိ အဓမ္မပြုကျင့်ခံရမှုကြောင့် ကာယကံရှင်ဘက်မှ နစ်နာကြေးရယူ လို၍ ခရိုင်ရုံးသို့ တိုင်တန်း သွားမည် ဖြစ်ကြောင်း အဆိုပါ မိန်းကလေး၏ မိခင်ဒေါ် ....က ပြောသည်။ကသာမြို့နယ် ...... အုပ်စု၊ ....... ကျေး ရွာနေ ဒေါ်.....၏ သမီး ဖြစ်သူ အသက်ရှစ် နှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းနေ ဦး.... အသက်  (၄၆) နှစ်က မိဘများ မသိစဉ် ခေါ်သွားပြီး အဓမ္မပြုကျင့် ခဲ့ရာ ကလေးမှာ ဆီးအိမ်ကွဲခြင်းနှင့် သားအိမ် မှာလည်း ကွဲသွားကာ သားအိမ်အား ခွဲထုတ်ရသည် အထိ ဖြစ်ခဲ့ရသည်။ အဆိုပါ ရောဂါများ ကုသရာတွင် ကုန်ကျငွေ များအား နစ်နာကြေး အဖြစ် ကျပ်သိန်း (၄၀၀)ရရှိလို၍ ကသာခုရိုင် တရားရုံးသို့ တိုင်တန်း ထားခြင်း ဖြစ်သည်။
                 တကယ့်ကို ဒုက္ခရောက်နေလို့ပါ။ အဲဒါကြောင့် နစ်နာကြေးတောင်းရ တာပါ။ ကလေးရဲ့ ဆေးဖိုးစရိတ်ကို ကျွန်မတို့ ပိုက်ဆံနဲ့ ကျွန်မတို့ ကုနေရ တာပါ။ ရှိတာလေး ရောင်းချ ပြီးတော့ အခုဆို အိုးမဲ့အိမ်မဲ့ ဖြစ်ရမယ့် အခြေအနေကို ဖြစ်နေပါပြီ။ သူတို့က ချမ်းသာတယ်။ ကျွန်မ တို့ကို ဆင်းရဲတယ် ဆိုပြီး မထီမဲ့မြင် ပြုနေသလိုပါပဲ။ ကျွန်မတို့ရှေ့နေ မငှားနိုင်ပါဘူး ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေး ၏ မိခင်ဒေါ်......က ဆက်ပြောသည်။
                ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ဖြစ်ပွား ခဲ့သော အဆိုပါအမှုအား ကသာ မြို့နယ် တရား ရုံးမှ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် တရားခံဦး....အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၃/၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင် ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ သော်လည်း နစ်နာကြေး ပါဝင်မှု မရှိသောကြောင့် အဆိုပါ တရားလို မိသားစုမှ ခရိုင် တရားရုံးသို့ ဆက်လက် တိုင်ကြားခြင်း ဖြစ်သည်။
                 ကျွန်မတို့က နစ်နာကြေးမရရင် ဥပဒေအတိုင်း ဆက်လုပ်မှာပါ။ အခုကလေးက ချက်ကနေ စအိုအထိ ချုပ်ထား ရတယ်။ ဆီးအိမ်လည်း ကွဲတယ်လေ။ အဲဒါကို ပြန်ချုပ်ထားရတာ၊ သားအိမ် ကတော့ မရတော့ဘူး။ သူအနေနဲ့ ကလေးတော့ မရနိုင်တော့ ပါဘူး။ ခွဲထားတဲ့ ဆီးအိမ်ကြောင့် ကလေးက အခု ဆီးသွားရင် အဖြူဖပ်တွေပါနေ ပါတယ် ဟု ၎င်းက ဆက်ပြောသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34159

No comments:

Post a Comment