သာယာဝတီမြို့ခံ ကိုကျော်နိုင်ဦးက “သူတို့တတွေကို သာယာဝတီထောင်ကနေ ခေါ်လာတယ်။ လက်ထိပ်ခတ်တယ်။ သာယာဝတီခရိုင်ရဲရုံးထဲကို ခေါ်သွားတယ်၊ အဲဒီထဲကနေမှ သူတို့ လက်မှတ်ထိုးပြီး ပြန်လွှတ်လိုက်တယ်ပေါ့။ လက်ပံတန်းကိုပြန်တဲ့ကားတွေနဲ့ ပို့လိုက်တယ်” လို့ ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးကို ချီတက်ရင်း လက်ပံတန်းမြို့မှာ ရောက်ရှိရပ်နားနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရက ရန်ကုန်မြို့တွင်း ၀င်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဘယ်နေ့မနက်မှာတော့ ပဲခူးတိုင်း နယ်လုံဝန်ကြီးက သပိတ်စစ်ကြောင်းပုံစံမဟုတ်ဘဲ သာမန်ခရီးသွားပုံစံသာ ၀င်ရောက်ခွင့်ပြုရာက ကျောင်းသားတွေနဲ့ ဒေသခံတွေက ရန်ကုန်ဘက်ကို ချီတက်ဖို့ တွန်းထိုးခဲ့ကြပါတယ်။ ဒီနောက်မှာ ရဲတပ်ဖွဲ့က ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ဖမ်းဆီးခဲ့သလို အရပ်သားတွေကိုပါ ဖမ်းဆီးပြီး သပိတ်မှောက်ကျောင်းသားတွေရဲ့ မော်တော်ယာဉ်တွေကိုပါ ဖျက်ဆီးခဲ့ကြပါတယ်။
ဒီနောက်မှာ ဖမ်းဆီးကျောင်းသားတွေထဲက တချို့ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
http://burmese.dvb.no/archives/86852
No comments:
Post a Comment