March 10, 2015

သပိတ်မှောက် ဆန္ဒပြ ကျောင်းသားများ မိဘ ဆွေမျိုးများ ရင်ခွင်သို့ အေးချမ်းးစွာပြန်ကြရန် မေတ္တာရပ်ခံ....

၂ဝ၁၅ ခုနှစ်၊ မတ်လ ၉ ရက်
၁။ အမျိုးသား ပညာရေး ဥပဒေ ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး အတွက် နိုင်ငံတော်မှ ထိထိရောက်ရောက် အရေးတယူ ဆောင်ရွက်ပေးနေ ကြောင်းကို ရဟန်းရှင်လူ ပြည်သူ အများက ဝမ်းမြောက်ဝမ်း သာ စောင့် ကြည့် နေကြပါသည်။
၂။ သို့ရာတွင် ကျောင်းသားအချို့ ပါဝင်သည့် အစုအဖွဲ့သည် လက်ပံတန်းမြို့တွင် သပိတ်မှောက် ဆန္ဒပြနေရာမှ ရန်ကုန်မြို့သို့ ဆက်လက် ချီတက်မည်ဟူသော သတင်းများကို ကြားသိ ရပါသည်။
၃။ ယခုအချိန်သည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများ ဖြေဆိုရတော့မည့် သားသမီးများအတွက် အထူးအရေးကြီးသည့် အချိန်ကာလပင် ဖြစ်ပါသည်။
၎။ သို့ဖြစ်ပါ၍ သပိတ်မှောက်ဆန္ဒပြ ကျောင်းသားများအနေဖြင့် ဆက်လက်ချီတက်ခြင်း မပြုဘဲ မိဘဆွေမျိုးများ ရင်ခွင်သို့ အေးချမ်းစွာပြန်ကြပါရန် မေတ္တာရပ်ခံပန်ကြား အပ်ပါသည်။                                                 
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့
http://myawady.net.mm/allnews/headline/item/61865-2015-03-10-09-24-33

No comments:

Post a Comment